Part-12

1.1K 31 2
                                    

Part-12

"အမေ ဘယ်သူနဲ့လည်းဆိုတာကိုတော့ မေနှိုင်းသိလို့ရမလား"

"သိပ်ရတာပေါ့"

"အဲ့တာဆိုဘယ်သူလဲဟင်"

"သမီးနဲ့လက်ထပ်ရမယ့်သူက မင်းခန့်ပိုင်ပဲသမီး"

မေမေအဲ့လိုပြောလိုက်ချိန်မှာသူအရမ်းအံဩမိသွားသည်။

"ဘယ်လိုလဲလက်ခံမယ်မဟုတ်လား ငြင်းမယ်တော့မစဉ်းစားနဲ့နော်"

"ဟင် လက်ခံမလားလည်းမေးသေးတယ် ငြင်းမယ်လည်းမစဉ်းစားနဲ့ဆိုတော့သမီးကဘာပြောရမှာလဲ"

"လက်ခံမှာလား လက်မခံဘူးလား ဒါပဲပြောဖေဖေတို့သိပ်စိတ်မရှည်ဘူး"

"ဟုတ် ဖေဖေတို့သဘောပါပဲ"

မေနှိုင်းစိတ်မပါသလိုဖြေလိုက်မိသည်။

"ဟုတ်ကဲ့ အဲ့တာဆိုသမီးသွားတော့မယ်"

"အေးအေး"ဟုအမေပြောပြီးချိန်မေနှိုင်းအပေါ်တက်လာလိုက်သည်။ကျောင်းပိတ်ရက်မှာပျော်နေတဲ့အပျော်တောင်ပြောက်သွားတယ်။

နောက်တစ်ဖက်မှာတော့

"ဟေ့ဟျောင် လာဒီမှာထိုင်အုန်း"

"ပြော ထိုင်ခိုင်းတာဘာကိစ္စလဲ"

"သတောင်းစား မင်းပြောနေတာမင်းအဖေနော် မင်းရဲ့သားမဟုတ်ဘူး"

"သိပါတယ်ဗျာ ပြောစရာရှိတာသာပြော"

"မင်းမှာရည်ရွယ်ထားတဲ့သူရှိလား"

"အင်းရှိတယ်"

"အဲ့တာဆိုငါမင်းကိုမိန်းမပေးစားမယ်"

"ဟာဗျာ အဲ့တာများရည်ရွယ်ထားသူရှိမရှိလာမေးနေသေးတယ်။

"ငါမင်းကိုခွင်းမေနှိုင်းနဲ့ပေးစားမလို့"

"ဟင် တကယ်လား"

မင်းခန့်တကယ်ပျော်သွားမိသည်။

"အေးပေါ့ကွာ မင်းကရည်ရွယ်ထားတဲ့သူရှိတယ်ဆိုတော့လည်း"

"ယူမယ် ယူမယ်"

"မင်းရည်ရွယ်ထားတဲ့သူကရော"

"ကျွန်တော်ရည်ရွယ်ထားတဲ့သူကလည်း အဲ့ကောင်မလေးပဲ"

တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)Hikayelerin yaşadığı yer. Şimdi keşfedin