Part-6
"အမေ"
"ဟေ"
"သားထမင်းစားတော့မလား"
"ဟုတ် စားမယ်လေ"
"သားအမေပြောစရာရှိတယ်"
"ဟုတ်ပြောလေ"
"ဟိုဘက်အိမ်ကညီမရဲ့သမီးကလည်းသားတက်တဲ့ကျောင်းမှာတက်တာတဲ့"
"ဟုတ်တယ် သားနဲ့တစ်ခန်းထဲပဲလေ"
"ဟုတ်လားသား ကလေးမလေးကိုတွေ့ရင်ခေါ်နော် သူကရောဖော်ရွေရဲ့လား"
"အရမ်းဖော်ရွေတာ သဘောလည်းအရမ်းကောင်းတယ်"ဟုရွဲ့ပြီးပြန်ဖြေလိုက်သည်။သူစိတ်ထဲတွင် အဲ့ကောင်မလေးလားဖော်ရွေတာ ခင်ဖို့ပြောတာတောင် ကျွန်တော့်ကိုအသေပြောသွားတာအမေမသိလို့ပါ။
"အေးကွယ် တည့်အောင်ပေါင်းနော် အိမ်နီးနားချင်းလည်းဖြစ် တစ်ကျောင်းတည်းလည်းဖြစ်နေတာဆိုတော့။
"ဟုတ်ကဲ့ အမေထမင်းစားမယ်လေဗျာ"
"အေးအေး အမေမေ့သွားလို့ အခုထည့်ပေးမယ်နော်"ဟုပြောပြီးမီးဖိုချောင်ထဲဝင်သွားသည်။
သူထမင်းစားပြီးတက်လာလိုက်သည်။မနက်ကသင်လိုက်တဲ့စာတွေကိုပြန်ကြည့်လိုက်သည်။စာကြည့်လို့ပြီးတော့သူ ဖုန်းခနသုံးရင်းFacebookကနေဟိုကောင်မလေးရဲ့ accountကိုရှာလိုက်သည်။နောက်ဆုံးတော့တွေ့သွားပြီ မေနှိုင်းဆိုသည့်အကောင့်နဲ့ သူခြံထဲမှာရိုက်ထားတဲ့profileလေးနဲ့ သူမသိလိုက်ချိန်မှာ ခနတာပြုံးမိသွားသည်။အဲ့ကောင်မလေးနဲ့ခင်ဖို့ဘယ်လိုတောင်ကြိုးစားရမလဲ ဟုသူစဉ်းစားလိုက်သည်။စဉ်းစားနေတာကိုရပ်လိုက်ပြီးမနက်ဖြန်အချိန်ဇယားထည့်ပြီးသူ့အိပ်လိုက်သည်။
မင်းခန့်နိုးလာတော့မနက်၆:၀၀ထိုးနေပြီဖြစ်သည်။အချိန်ဆွဲမနေတော့ပဲထလိုက်သည်။ရေချိုးပြင်ဆင်ပြီးတော့သူအောက်ထပ်သို့ဆင်းလာလိုက်သည်။အောက်ထပ်ရောက်တော့အမေ့ကိုမီးဖိုချောင်တွေ့လိုက်တော့သူလည်းအမေရှိတဲ့ မီးဖိုးချောင်ထဲဝင်သွားလိုက်သည်။
"အမေ"
"သားနိုးလာပြီလား မနက်စာပြီးကျောင်းကိုသွားတော့လေ အမေဒီနေ့တော့ထမင်းချိုင့်ထည့်ပေးလိုက်မယ်နော်"
YOU ARE READING
တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)
Romanceကောင်လေးကခပ်ဆိုးဆိုးနေပြီးမိဘတွေတောင်မနိုင်လို့လွှတ်ရထားရတဲ့ လူမျိုးနဲ့ ကောင်မလေးကခပ်ချေချေနေပြီးဘယ်သူနဲ့မှစကားသိပ်မပြောပဲနေတဲ့လူနဲ့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ ပထမဆုံးစရေးတဲ့fictionမလို့ အရေးအသားညံ့ရင်ကြိုပြီးတောင်းပန်ပါတယ် အတက်နိုင်ဆုံးတော့ ကောင်းအော...