Part-21🔞🌚

5.4K 49 0
                                    

This part is set to mature, so if you are too young, please don't read it❌🔞‼️

မင်းခန့်ရေချိုးပြီး ထွက်လာချိန်တွင် သူ့အားအ၀တ်ထုတ်ပေးဟု ပြောသူဟာ ကုတင်ပေါ်တွင်လှဲကာ ဖုန်းသုံးနေတာကိုမြင်တာနဲ့ နှုတ်ခမ်းစွန်းလေးကို အနည်းငယ်ကော့တက်ကာ ပြုံးလိုက်မိသည်။

"ခွင်း....."

"ဟင်!"

မေနှိုင်းတယောက် ဖုန်းကိုစိတ်၀င်စားစွာကြည့်နေတုန်း သူ့နာမည်ခေါ်ခြင်းခံရတာကြောင့် လန့်ကာ'ဟင်'ဆိုပြီးထူးမိရင်း ခေါ်သံကြားရာဆီ ခေါင်းလေးလှည့်မိသွားသည်။

မြင်လိုက်ရတာက သူ့အားရီဝေစွာကြည့်နေတဲ့ မင်းခန့်ရဲ့အကြည့်တွေ။ ရင်အုပ်ကျယ်ကျယ်နှင့် လေ့ကျင့်ခန်းလုပ်ထားခြင်းကြောင့် ဗိုက်တွင်အမြောင်းလိုက် နေရာယူနေတဲ့အဖုအထစ်များ။
သဘတ်ကိုလျော့ရဲစွာပတ်ထားခြင်းကြောင့် အတိုင်းသိမြင်နေရတဲ့ အမွှေးအမျှင်တချို့။

ယောကျာ်းဆန်ခြင်းကို ဖော်ကျူးထားတဲ့ ခြေသလုံးမွှေးတွေ။ မေနှိုင်းတယောက် မင်းခန့်အားစုံဆန်ချည်ကာ ကြည့်ပြီးသည့်နောက်တွင် မျက်နှာလေးနီရဲသွားရသည်။

ဒီနေ့ညကမင်္ဂလာဦးညမို့လား။
အဘယ်ကြောင့် သူမေ့နေရပါသနည်း။

မင်းခန့်သည် သူ့အားကြည့်ကာ ရဲသွားတဲ့မျက်နှာလေးကို မြင်လိုက်ခြင်းကြောင့် သဘောတကျပြုံးရပြန်တယ်။ ထို့နောက်တွင်တော့ ရေစင်အောင်ပင်မသုတ်နိုင်။ ကုတင်ပေါ်တွင်လှဲနေတဲ့ မေနှိုင်းကိုယ်ကို သူအုပ်မိုးကာ အကြည့်ခြင်းစုံလိုက်မိသည်။

"အဟွန်း! ကိုယ့်ယောကျာ်းကို အဲ့လောက်ထိစူးစိုက်ကြည့်ရသလားလို့ ရှက်တောင်ရှက်လာပြီ"

ဩရှရှအသံတွင် ညို့ဓာတ်များစွာပါဝင်နေတော့သည်။ မင်းခန့်ပြောလိုက်တဲ့ 'ကိုယ့်ယောကျာ်း'ဆိုတဲ့ စကားသံကို မေနှိုင်းရဲ့ နားထဲတွင် အထပ်ထပ်အခါခါ ကြားယောင်မိကာ ကြက်သီးများပင် ထလာရသည်။

"အကိုနော်! ဖယ်ပေး"

မင်းခန့်ရဲ့လက်မောင်းကို အရှက်ပြေရိုက်ကာ သူ့အပေါ်ကဖယ်ခိုင်းတော့သည်။ ဟင့်အင်း သူမအနေဖြင့် ဒီအခြေနေကို သဘောမကျချေ။ ရင်ဘတ်အစုံဟာလည်း မြင်းများခုန်ပေါက်နေသလိုပင်။

တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)Where stories live. Discover now