Part-30
အိမ်ထဲဝင်သွားကြတဲ့ ဇနီးဖြစ်သူနဲ့အမကိုကြည့်ကာ သက်ပြင်းချမိပြန်သည်။သူလည်း ဒီနေ့တနေကုန် သက်ပြင်းတွေ ဘယ်နကြိမ် ချမိမှန်းမသိတော့ချေ။
သူလည်းအိမ်ထဲကိုလိုက်သွားလိုက်တော့သည်။အိမ်ထဲရောက်တော့ ခွင်းကအမအတွက် အအေးသွားယူနေတော့တယ်။အဝေးကကြည့်ရင်တောင် အရမ်းလှတဲ့သူ့အမျိုးသမီးလေးကိုစိတ်မချနိုင်တာတော့အသေအချာပါ။
သူအတွေးလွန်နေချိန် ခွင်းက
"အမ သုံးဆောင်ပါအုန်း"
"ကျေးဇူးနော် ညီမလေး"
အိန္ဒြေလင်းလက်သူ့အရှေ့မှာတောင် ပိုင်ကသူ့အမျိုးသမီးကိုကြည့်ပြီးပြုံးနေတော့ သူ့စိတ်ထဲမကြည်ဖြူပါ။ဒီဟာမသာ မနှောင့်ယှက်ခဲ့ရင် ပိုင်ကငါ့အတွက်ဖြစ်ရမှာ။
"အမ" ဟုမေနှိုင်းကခေါ်လိုက်ချိန်မှသာ အသ်ိစိတ်ပြန်ဝင်လာတော့သည်။
"ပြောလေ"လို့သာသူပြန်ဖြေလိုက်သည်။
"အမ အတွက်အခန်းပြင်ပြီးနော် နားချင်ရင်နားလို့ရပါပြီ"
"ဟုတ်လား ဒို့အခန်းက ဘယ်နေရာမှာလဲ"
"မေဦးရေ"
မေဦးသူနာမည်ကြားတော့လုပ်လက်စအလုပ်ကိုရပ်ခါ မမလေးစီကိုသွားရပါတော့သည်။
"ရှင် မမလေး"
"ဒီအမကို ဧည့်သည်တွေနေတဲ့အခန်းစီလိုက်ပို့လိုက်အုန်းနော်"
"ဟုတ်ကဲ့မမလေး"
"မေဦးအနောက်ကိုလိုက်သွားလိုက်နော်အမ ထမင်းစားချိန်ကျရင် လာခေါ်ခိုင်းလိုက်ပါ့မယ်"
"ဟုတ်ပြီ"
မေဦးဒီအမကိုမြင်မြင်ချင်းသဘောမတွေ့ပါ မမလေးဘေးမှာရပ်ပြီးငြိမ်နေတဲ့အကိုလေးကို ကြည့်နေတာဘေးကသူ့မိန်းမကိုမှအားမနာ လွန်လွန်းတယ်ဟုသာသူထင်မိသည်။
"အမနေရမယ့်အခန်းက ဒီမှာပါ"
"အင်း ငါ့အတွက်သံပုရာရည်တစ်ခွက်ဖျော်ပြီးလာပို့ပေး"
"ရှင်"
"နင်နားမကောင်းဘူးလား သံပုရာရည်တစ်ခွက်လာပို့ပေးလို့"
"ဟုတ်ကဲ့"ဟုသာ ပြောလိုက်ရတာ သူကအကြည့်တင်ရဲတာမဟုတ်ဘူး အပြောကလည်းရဲတင်းလိုက်တာ လာသမျှဧည့်သည်တွေထဲမှာ သူ့လိုလူမျိုးကိုမမြင်ဖူးဘူး။
"မေဦး ဧည့်သည်အဆင်ပြေတယ်မလား"
မေဦးဆင်းလာတော့ အကိုလေးကမရှိတော့ပါ မမလေးက ဖုန်းသုံးနေရင်း မေဦးဆင်းလာတာမြင်တော့ လှမ်းမေးသည်။
"ဟုတ် ပြေတော့ပြေပါတယ်"
"မပြေရင် မပြေဘူးပြောလေ သူဘာပြောလိုက်လို့လဲ"
"သူကခိုင်းတာ အထက်စီးအရမ်းဆန်တယ် သိလားမမလေး"
"ဘာဖြစ်လို့လဲ"
"သံပုရာရည်သောက်ချင်လို့တဲ့ မကြားလို့ပြန်မေးတာကိုနားမကောင်းဘူးလားတဲ့"
မေနှိုင်းအော်ရယ်မိလိုက်သည်။မေဦးက အရမ်းကလေးဆန်ပါသည်။တစ်ခါတစ်လေဆိုရင်သူမကိြုက်တာတွေကိုလာတိုင်လေ့ရှိတယ်။သူလည်းအဲ့ကလေးမလေးကိုတော့ သံယောစဉ်ဖြစ်မိပါတယ်။
"သွားပါအေ ဖျော်ပေးလိုက် ကိုယ့်ဆီလာတဲ့ဧည့်သည်ပဲဟာကိုနော်"
မမလေးကသဘောအလွန်ကောင်းပါသည်။သူ့ကိုဆိုအိမ်အကူတစ်ယောက်လိုသဘောမထားပဲ ညီမတစ်ယောက်လိုသာသဘောထားပါတယ်။
"ဟုတ် သွားဖျော်လိုက်အုန်းမယ်နော် မမလေး"
"အေးအေး သွား"
မေနှိုင်းလည်း ဒီကလေးမလေးကိုပြောပြီး အပေါ်ထပ်သို့သာတက်လာလိုက်သည်။အပေါ်ရောက်တော့ ကုတင်ပေါ်မှာ ကန့်လန့်ဖြတ်အိပ်နေတဲ့အကို့ကိုမြင်လုက်ရသည်။ဘယ်လိုတွေအိပ်နေမှန်းမသိဘူး ဒီအကိုတစ်ယောက်နဲ့တော့။
"အကို အကို ထအုန်းသေချာအိပ်လေ"
"ဟင်"
"ထ အိပ်မယ်ဆိုလည်းသေချာပြန်အိပ်လေ"
"လာ အကို့နားလာအိပ်"
"မလာပါဘူး အကို့လို ငပျင်းများမှတ်နေလား"
မင်းခန့် ရန်စွာနေတဲ့ကောင်မလေးရဲ့လက်ကိုဆွဲချလိုက်တော့ ခွင်းခန္ဓာတစ်ခုလုံးသူ့ရင်ဘက်ပေါ်ကျလာတော့သည်။
"အကိုဘာလုပ်တာလဲ လွှတ်လို့"
"အကို ခွင်းကိုခေါ်တယ်လေ လာမှမလာတာ"
"ဖယ်ဟင်းချက်ရအုန်းမယ်"
"အဲ့ဒါဆို နမ်း"ဟုမင်းခန့်နှုတ်ခမ်းဆူလိုက်သည်။
>>>>>>>>>>>>>
>>>>>>>>>>>>>Coming soon Part-31
![](https://img.wattpad.com/cover/345490868-288-k108096.jpg)
ВЫ ЧИТАЕТЕ
တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)
Любовные романыကောင်လေးကခပ်ဆိုးဆိုးနေပြီးမိဘတွေတောင်မနိုင်လို့လွှတ်ရထားရတဲ့ လူမျိုးနဲ့ ကောင်မလေးကခပ်ချေချေနေပြီးဘယ်သူနဲ့မှစကားသိပ်မပြောပဲနေတဲ့လူနဲ့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ ပထမဆုံးစရေးတဲ့fictionမလို့ အရေးအသားညံ့ရင်ကြိုပြီးတောင်းပန်ပါတယ် အတက်နိုင်ဆုံးတော့ ကောင်းအော...