Part-5
"မင်းခန့် မင်းအိမ်ကဘယ်နေရာမှာလဲ"
"ငါ့အိမ်က လမ်းအမှတ်....."
"ဟယ် မေနှိုင်းနင်အိမ်ကလည်း အဲ့လမ်းထဲမှာပဲမဟုတ်လား"
မေနှိုင်းခေါင်းသာငြိမ့်ပြလိုက်သည်။စိတ်ထဲမှာတော့ မတည့်ပါဘူးဆိုမှအိမ်ကပါ တစ်လမ်းထဲလာဖြစ်ရတယ်လို့ စိတ်ညစ်ပါတယ်။
သူတို့မုန့်စားပြီးတော့အန်တီကြီးကိုပိုက်ဆံရှင်းပြီးဆိုင်ပြင်သို့ထွက်လာလိုက်ကြသည်။ အဲ့ချိန်တွင်အာကာမှ စကားစပြောလာသည်။"ဟဲ့ဟျောင့် မင်းတဲ့နှစ်ယောက်အတူတူပြန်လိုက်ကြပါလား"
"ဟာ မပြန်ပါဘူး ငါ့ဟာငါပြန်"
ဟုမေနှိုင်းကပြန်ပြောလိုက်သည်။"အဲ့လောက်ငြင်းမနေနဲ့ ငါကလည်း မင်းနဲ့မပြန်ဘူး "
"မပြန်နဲ့ပေါ့"
"မေနှိုင်ကလည်းအတူတူပြန်လိုက်ပါနော် ဒီလမ်းကအခုချိန်ပြန်ရင် လူနည်းနည်းပြတ်ပြီ ငါတို့
စိတ်မချဘူး"ဟုသစ္စာက မေနှိုင်းကိုစိတ်ပူပြီးပြောနေသည်။မေနှိုင်းစိတ်ရှုပ်လာပုံကို စွမ်းပြည့်နဲ့အာကာမြင်တော့သူတို့ကထပ်ပြောသည်။
"ဒိီလိုလုပ်ဟာ ငါတို့မေနှိုင်းအိမ်ထိလိုက်ပို့ပေးမယ် မင်းခန့်မင်းကယောကျာ်းလေး ဆိုတော့ငါတို့မင်းအိမ်ထိတော့လိုက်မပို့တော့ဘူး ရလား"
"ရတယ်"ဟုမင်းခန့်ကပြန်ဖြေလိုက်သည်။
"သစ္စာနဲ့လပြည့်ကလိုက်အုန်းမှာလား"
"အေး လိုက်မယ်လေ"
မေနှိုင်းတို့အဖွဲ့ တစ်ယောက်ကိုစက်ဘီးတစ်စိီး
ဖြင့်သွားကြသည်။မေနှိုင်းအိမ်သို့မရောက်ခင် အကုန်လုံးစက်ဘီးရပ်ပြီးစကားပြောရင်းလမ်းလျှောက်လာကြသည်။အာကာမှစကားစပြောသည်။"ဟဲ့ မေနှိုင်းဟိုရှေ့ကနင့်အိမ်မဟုတ်လား"
"အေး ဟုတ်တယ်"
"ဟဲ့ဟျောင့် မင်းအိမ်ကဘယ်နားမှာလဲ"
"ဟိုမှာတွေ့လား ခေါင်းမိုးအပြာနဲ့ဘေးကအိမ်လေ"
YOU ARE READING
တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)
Romanceကောင်လေးကခပ်ဆိုးဆိုးနေပြီးမိဘတွေတောင်မနိုင်လို့လွှတ်ရထားရတဲ့ လူမျိုးနဲ့ ကောင်မလေးကခပ်ချေချေနေပြီးဘယ်သူနဲ့မှစကားသိပ်မပြောပဲနေတဲ့လူနဲ့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ ပထမဆုံးစရေးတဲ့fictionမလို့ အရေးအသားညံ့ရင်ကြိုပြီးတောင်းပန်ပါတယ် အတက်နိုင်ဆုံးတော့ ကောင်းအော...