Part-25

1.1K 27 0
                                    

Part-25

"အတူတူချိုးတော့ပိုမမြန်ဘူးလား"

မင်းခန့်ပြုံးပြုံးကြိီးနဲ့ပြောလိုက်သည်။

"ဟင့်အင်း ကိုယ့်ဟာကိုချိုး"ဟုပြောပြီး မေနှိုင်းခပ်မြန်မြန်ပြောပြီး ရေးချိူးခန်းထဲပြေးဝင်လိုက်သည်။

မင်းခန့်ရှက်ပြီးထွက်ပြေးတဲ့ကောင်မလေးကို သဘောတကျ ရယ်လိုက်သည်။

မေနှိုင်းရေချိုးပြီးထွက်လာတော့ အကို က ကုံတင်ပေါ်မှာထိုင်ပြီး ဖုန်းသုံးရင်းရယ်နေတာကိုတွေ့လိုက်သည်။သူလာတာကိုတောင် ဂရုမစိုက်ပဲ ဖုန်းကိုပဲကြည့်နေသည်။

မင်းခန့် တရုတ်ကvdကိုကြည့်ပြီးရယ်နေချိန် ခွင်းရေချိုးခန်းထဲကထွက်လာတာကို တွေ့တော့ စချင်တာနဲ့ သူ့ကိုဂရုမစိုက်ပဲဖုန်းကိုသာကြည့်နေလိုက်သည်။မှန်တင်ခုံကို နှုတ်ခမ်းလေးဆူပြီးသွားတော့ သူမှာရယ်ချင်တာကို မနည်းထိန်းထားရတယ်။သူအနောက်ကနေ စိတ်ကောက်နေတဲ့ကောင်မလေးကို snap photoရိုက်လိုက်သည်။snapရိုက်တာတောင်လှနေတဲ့ သူ့ချစ်ဇနီးလေးကို ဖွက်တောင်ထားချင်မိတယ်။သူFacebookမှာ အဲ့ပုံလေးကိုတင်ဖို့ captionကိုစဥ်းစားမိတော့'snap photo ရိုက်တာတောင်လှနေတဲ့ my love'လို့ သူတင်လိုက်သည်။သူတင်ပြီးတော့ ဖုန်းကိုအားသွင်းနေချိန် သူရေဝင်ချိုးလိုက်သည်။

မင်းခန့်သူရေချိုးပြီးထွက်လာတော့ ဆူပုတ်ပုတ်လေးနဲ့ ဖုန်းကြည့်နေတာကိုတွေ့လိုက်ရသည်။
သူအက်ျီဝတ်ပြီး ခွင်းဘေးမှာဝင်လှဲလိုက်တော့ ဟိုဘက်ကိုလှည့်သွားလို့ သူ့မှာ ခွင်းကိုယ်လုံးလေးကို ဒီဘက်ကိုပြန်လှည့်ရသည်။

"ချစ်လေး"

သူခေါ်တာကိုဂရုမစိုက်ပဲ ဖုန်းကိုသာကြည့်နေတော့ သူသိလိုက်တယ် သူစတာလွန်သွားပြီဆိုတာ။

"ချစ်လေးလို့ ကိုယ်ခေါ်နေတယ်လေ"

"ဘာလဲ ဘာဖြစ်နေတာလဲ"

"စိတ်ဆိုးနေတာလား"

"မဆိုးဘူး"

"ဆိုးနေပါတယ် ကိုယ်ခုနကရယ်တာတရုတ်ကvdကိုကြည့်ပြီးရယ်တာပါ။အဲ့ချိန်မှာခွင်းကထွက်လာတော့ ကိုယ်ကစချင်တာနဲ့ချစ်လေးကိုမကြည့်တာ။"

တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)जहाँ कहानियाँ रहती हैं। अभी खोजें