Part-24
"ချစ်လေး"
"ဟင်"
"ကိုယ်ဝတ်ဖို့အက်ျီရော"
"နေအုန်း ထုတ်ပေးမယ်"
မေနှိုင်းသူ့ကို့အက်ျီထုတ်ပေးပြီးအောက်ကိုဆင်းဖို့ပြင်တော့ သူကမေနှိုင်းလက်ကိုလက်ဆွဲလာတယ်။
"ဘာလဲ အောက်ဆင်းမလို့လွှတ်"
"ကိုယ့်ယောကျာ်းကိုအက်ျီကြယ်သီးတက်ပေးအုန်းလေ ကလေးမရဲ့"
"ဟာ ကိုယ့်ဘာသာကိုလုပ်ပါလားလို့"
"ချစ်လေး လုပ်ပေးတာပဲခံချင်တာ"
နောက်ဆုံးပြောမရတော့ မေနှိုင်းသူ့ကိုဆက်မငြင်းတော့ပဲ သူ့စိတ်တိုင်းကြလုပ်ပေးလိုက်တယ်။
*****************************
မေနှိုင်းတို့လေယာဉ်ကွင်းကိုရောက်ရှိလာခဲ့ပါသည်။မေနှိုင်းတို့ရောက်ပြီးခဏအကြာမှာလေယာဉ်ပေါ်တက်သွားလိုက်သည်။လေယာဉ်ပေါ်ရောက်တော့ကိုယ့်နေရာကိုထိုင်လိုက်ကြသည်။"အချစ်လေး"
"ဟင်"
"အိပ်ချင်အိပ်လေ"
"အင်း အဲ့တာဆိုခဏအိပ်မယ်နော်"
"အိပ်ပါဗျာ ကိုယ့်ပုခုံးပေါ်ခေါင်းလေး မှီလိုက်"
"အင်း"
ခွင်းအိပ်သွားတာကိုကြည့်ပြီးမင်းခန့်မှာ သွား၃၂ချောင်းလုံးပေါ်အောင်ပြုံးမိတယ်။ဘာလို့ဆို ဒီကောင်မလေးရဲ့အလှက ဘယ်သူနဲ့မှကိုနှိုင်းယှဉ်ပြလို့မရတာ။ရည်းစားမရှိတဲ့သူတွေကတော့ သူ့ကိုoverလို့ပြောရင်ပြောကြမှာ သူဂရုမစိုက်ပါ ဘာလို့ဆို သူတို့ကိုအဲ့လိုပြောပေးမယ့်သူမရှိဘူးလေ။
နောက်ဆုံးတော့ငပလီကိုရောက်ရှိလာပါပြီ။သူ့ဘေးမှာအိပ်နေတဲ့ကောင်မလေးကို မနိုးချင်လည်း နိုးရတော့မယ်။
"ချစ်လေး ထတော့လေ ရောက်ပြီ"
"ဟင့် ရောက်ပြီလား"
"အင်းထတော့"
မင်းခန့်တို့လေယာဉ်ပေါ်ကဆင်းပြီး hotelကိုခွင်းအဖေစီစဉ်ပေးတဲ့ကားနဲ့သွားလိုက်သည်။
YOU ARE READING
တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)
Romanceကောင်လေးကခပ်ဆိုးဆိုးနေပြီးမိဘတွေတောင်မနိုင်လို့လွှတ်ရထားရတဲ့ လူမျိုးနဲ့ ကောင်မလေးကခပ်ချေချေနေပြီးဘယ်သူနဲ့မှစကားသိပ်မပြောပဲနေတဲ့လူနဲ့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ ပထမဆုံးစရေးတဲ့fictionမလို့ အရေးအသားညံ့ရင်ကြိုပြီးတောင်းပန်ပါတယ် အတက်နိုင်ဆုံးတော့ ကောင်းအော...