Part-9

1.2K 33 5
                                    

Part-9

"သားအန်တီသမီးလေးစက်ဘီးကိုသူ့အဖေကယူသွားတော့သားအတူတူခေါ်သွားလို့ရမလား"

"ဟုတ် ရတယ်လေအန်တီ"

"အေး အဲ့ဒါဆိုသမီးအနောက်ကတတ်လိုက်လေ"

မေနှိုင်းသူ့အနောက်ကတတ်လိုက်ပြီး သွားဖို့အမေတို့ကိုနှုတ်ဆက်လိုက်သည်။

ဒေါ်မြတင်သူ့သားကိုအံဩနေမိတယ် အဲ့ကလေးကဘယ်တော့မှသူ့စက်ဘီးအနောက်မှာလိုက်စီးတာကြိုက်တဲ့သူမဟုတ်ဘူး အခုတော့သူစဉ်းစာနေချိန်မြသိီတာခေါ်လိုက်လို့စဉ်းစားနေတာကိုခဏရပ်လိုက်သည်။

"အမသွားမယ်လေ ဘာတွေစဉ်းစားနေတာလဲ"

"အော်မဟုတ်ပါဘူး သားကိုအံဩနေမိတယ် သူကသူ့စက်ဘီးနောက်မှာလိုက်ရင်ကြိုက်ကိုမကြိုက်တာ ညီမသမီးလေးကိုခေါ်တင်သွားလို့အံဩနေမိတာ"

"ဟယ်အမတကယ်လား သားလေးမကြိုက်ရင်ဒုက္ခပဲ ညီမကလည်းမတွေးမိလိုက်ဘူး"

"ညီမရယ်စိတ်ပူမနေနဲ့ ညီမသားကိုမေးလိုက်တာပဲသူကိုယ်တိုင်ကရတယ်ပြောသေးတာပဲ အမကဒီတိုင်းစဉ်းစားမိလို့ပြောမိတာ ညီမသမီးကိုတော့ချွေးမတော်ရတော့မယ်ထင်တယ်"

"ဟင်း ဟင်း ဟင်းဟုတ်ပါ့အမရေ"

သူတို့နှစ်ယောက်ကျောင်းကိုရောက်တော့ဟိုယောက်ကအံဩတဲ့မျက်လုံးတွေနဲ့သူတို့နှစ်ယောက်ကိုကြည့်နေကြတယ် သစ္စာနဲ့လပြည့်မဆိုမေနှိုင်းအနားအမြန်ရောက်လာပြီးမေးပါတော့သည်။
ဟိုတစ်ယောက်ကတော့သူ့သူငယ်ချင်းတွေဆီသွားပြီးမေနှိုင်းတို့သုံးယောက်ကကျောင်းအခန်းနားထိလမ်းလျှောက်ရင်းစကားပြောလာကြသည်။

"ဟဲ့မေနှိုင်း"

"ဘာလဲလပြည့်မ"

"နင်တို့နှစ်ယောက်ကဘာတွေလဲ"

"ဟုတ်တယ် မှန်မှန်ဖြေနော်"ဟုသစ္စာကပါဝင်ယောင်နေသည်။

"ဘာမှမဟုတ်ဘူး"

"ဘာမှမဟုတ်ရင် စက်ဘီးတစ်စီးထဲကိုနှစ်ယောက်စီးလာစရာမှမလိုတာ"

"လာပါဟယ် စာမေးပွဲဖြေဖို့အချိန်နီးနေပြီ"

"ကျောင်းဆင်းရင်ပြောပြနော်"

တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)Tahanan ng mga kuwento. Tumuklas ngayon