Part-13

1.3K 33 4
                                    

Part-13

စေ့စပ်ပွဲနေ့မှာ မင်းခန့်ပိုင်တို့မိသားစုတွေအစောကြီး မေနှိုင်းတို့အိမ်ကိုသွားရပါတော့မည်။သူကတော့အပျော်လွန်ပြီး အစောကြီးနိုးပြီးပြင်ဆင်ထားလိုက်သည်။မိဘတွေပါပြင်ဆင်ပြီးတော့ မေနှိုင်းတို့အိမ်ဘက်သို့ထွက်လာလိုက်သည်။

မေနှိုင်းလည်းအစောကြီးနိုးပြီးပြင်ဆင်ထားလိုက်သည်။စေ့စပ်ပွဲကိုအသိမိတ်ဆွေတွေလောက်နဲ့ပဲ အကျင်းချုံးလုပ်လိုက်မယ်လို့တိုင်ပင်ထားကြသည်။မေနှိုင်းကမြန်မာဝမ်းဆက်အဖြူရောင်လေးကိုဝတ်ထားပြီး မတ်ကပ်ကိုနည်းနည်းလောက်ပဲလိမ်းလိုက်သည်။
အောက်ထပ်မှာသူတို့ရောက်လာတော့ မေနှိုင်းကိုအမေကလာခေါ်သည်။မေနှိုင်းသူငယ်ချင်းရော သူ့သူငယ်ချင်းတွေရောပါအောက်မှာရောက်နေကြသည်။မေနှိုင်းအောက်ထပ်သို့ရောက်တော့ အရင်ဆုံးသူ့ကိုတွေ့လိုက်သည်။တိုက်ပုံအဖြူလေးကိုပုဆိုးနက်ပြာပြာလေးနဲ့တွဲဖက်ဝတ်ထားသည်။သူ့ကိုမြင်သူငေးတာလည်းမစမ်းပါဘူး အရမ်းချောနေတာကို။

သူမေနှိုင်းဆင်းလာတာကိုစိတ်လှုပ်ရှားပြီးကြည့်လိုက်မိသည်။ဝမ်းဆက်အဖြူလေးနဲ့မိတ်ကပ်ကပါးပါးလေးဆံပင်ကိုလည်း ရိုးရိုးလေးသာစီးထားသည်။

သူတို့စေ့စပ်ပွဲပြီးတော့သူငယ်ချင်းတွေကမုန့်ဝယ်ကျွေးဖို့ပြောလို့သူတို့နှစ်ယောက်လိုက်ဝယ်ကျွေးရသည်။

"ဟဲ့မေနှိုင်း"

"ဟင်"

"နင်တို့နှစ်ယောက်ဆိုင်ကယ်တစ်စီးနဲ့သွား ငါကအာကာနဲ့လပြည့်ကစွမ်းပြည့်ဆိုင်ကယ်နဲ့သွာူမယ်တဲ့"

"အော် အေး သူထွက်လာမှငါပြောလိုက်မယ် နင်တို့ကအရင်သွားမှာလား"

"အေး ဟုတ်တယ် oceanမှာဆုံကြမယ်"

"အေးအေး"

သစ္စာတို့ထွက်သွားပြီးမကြာ သူလည်းအိမ်ထဲကထွက်လာသည်။

"ဟိုလေးယောက်ရော"

"သူတို့ကအရင်သွားနှင့်မယ်တဲ့ ပြီးမှမေနှိုင်းနဲ့အကိုနဲ့ကလိုက်ခဲ့ဆိုလို့ မေနှိုင်းကအကို့ကိုစောင့်နေတာ"

တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)Where stories live. Discover now