Part-10

1.3K 37 10
                                    

Part-10

"မင်းနဲ့ဘာဆိုင်လို့လဲ"

"အေး ငါနဲ့ဆိုင်လို့ဝင်ပြောနေရတာပေါ့"

"အဲ့တာဆိုပြောစမ်းပါ ဘာဆိုင်လဲဆိုတာ"

"အေး ခွင်းမေနှိုင်းကငါ့ကောင်မလေးပဲ မင်းလစ်လိုက်တော့"

သူအဲ့လိုပြောလိုက်တော့​မေနှိုင်းကြောင်သွားသည်။သူ့ကိုလှမ်းကြည့်လိုက်တော့ဟိုဘက်ကတစ်ယောက်ကို ဝါးစားတော့မယ့်အကြည့်နဲ့ကြည့်နေသည်။

"မေနှိုင်းမှာကောင်လေးပဲရှိတာ ယောကျာ်းရှိတာမှမဟုတ်တာကွာ"
"ဟုတ်တယ်မလားမေနှိုင်း နင်ငါ့ကိုအဖြေပေးပါဆို"ဟုသူကပြောပြီးမေနှိုင်းလက်ကိုအတင်းလားထပ်ဆွဲပြန်ပြီ မင်းခန့်ပိုင်ကတော့သူ့ကိုစိုက်ကြည့်ပြီးတော့

"မင်းသူ့လက်ကိုလွှတ်မလား ငါဆွဲထိုးလိုက်ရမလား"

"မလွှတ်ဘူးကွား ဘာဖြစ်ချင်လဲ"

"ဘာဖြစ်ချင်လဲဆိုတော့"ဟုပြောပြီးသူဆွဲထိုးလိုက်သည်။သူထိုးနေချိန်မေနှိုင်းကိုထိမှာဆိုးလို့

"ခွင်း မင်းဟိုဘက်ကိုသွားနေ မင်းထိခိုက်မိလိမ့်မယ်"

မေနှိုင်းနောက်တစ်ခါကြောင်သွားရပြန်ပြီ သူ့နာမည်ကိုအကုန်လုံးက'မေနှိုင်း'ဟုသာခေါ်ကြတာ တစ်ယောက်မှခွင်းလို့မခေါ်ဖူးဘူး။သူထိုးကိုယ်ထိုးဖြစ်နေချိန်မှာ ဟိုလေးယောက်ကအပြင်သို့ထွက်လာသည်။

သူတို့လေးယောက်အခန်းထဲကထွက်လာတော့မင်းခန့်ပိုင်ထိုးနေတာကိုသစ္စာကမြင်သွားတော့

"ဟဲ့အာကာ ဟိုမှာမင်းခန့်ပိုင်ရန်ဖြစ်နေတာလားမသိဘူး ထိုးနေကြတယ်"

သစ္စာမေအပြောကြောင့်သူတို့အကုန်လုံး လှမ်းကြည့်လိုက်တော့ဟုတ်ပါတယ် မင်းခန့်ပိုင်ရန်ဖြစ်နေတယ်ဆိုတာ အာကာနဲ့စွမ်းပြည့်ကမင်းခန့်ဆီပြေးသွားပြီးသူတို့ပါဝိုင်းထို့လိုက်ကြတော့ပွဲကပိုဆီသွားတော့သည်။

မေနှိုင်းဟိုတစ်ယောက်ကိုကြည့်လိုက်တော့အျက်နှာမှာသွေးတွေစို့နေသည်။မေနှိုင်းသူထိုးနေတဲ့အနားသွားလိုက်ပြီး 

တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)Where stories live. Discover now