Part-28
ခွင်းတစ်ယောက် နိုးလာချင်းမှာပဲ အောက်ပိုင်းရဲ့နာကျင်ကိုတန်းပြီးခံစားလိုက်ရတယ်။ ထို့ကြောင့်နှုတ်ခမ်းလေးဆူကာ မင်းခန့်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။ လောကရဲ့ပူလောင်မှု ဘာဆိုဘာမှမရှိသည့်နှယ် အေးဆေးစွာအိပ်နေတဲ့ ယောကျာ်းဖြစ်သူကိုမြင်ရတော့လည်း ပြုံးမိပါတယ်။
"အကို......ထအုံး"
မင်းခန့်အိပ်နေတုန်း ခပ်တိုးတိုးခေါ်သံကြောင့် မျက်မှောင်ကျုတ်ကာ မျက်လုံးများကိုအားယူ၍ဖွင့်လိုက်တော့သည်။
"ဟင် မေနှိုင်း ဘာဖြစ်လို့လဲ အစောကြီးရှိသေးတယ်လေ အိပ်ပါအုံးလား"
"ရေချိုးချင်တယ် ဟို......ဟို.....မေနှိုင်းထမရလို့"
မျက်နှာလေးရဲကာ အသံကပို၍တိုးသွားခြင်းကြောင့် မင်းခန့်မှာ မေနှိုင်းကိုထပ်မေးစရာမလိုပဲ တန်း၍သိလိုက်တော့သည်။ ထိုအခါမှ ပြာပြာသလဲထကာ ပွေ့လိုက်တော့သည်။
"နာနေသေးတာလား ကိုယ်ဆေးသွားဝယ်ပေးမယ်နော်"
မေနှိုင်းမှာ မင်းခန့်ရဲ့စကားကြောင့် အလွန်ပင်ရှက်မိသွားတော့သည်။ သူတို့ကအိမ်ထောင်ဘက်တွေဆိုပေမဲ့လို့ သူ့အနေနဲ့ ထိုအရာကို ကြားရလျှင် တွင်းထဲ၀င်အောင်းချင်လောက်တဲ့အထိပင်။
မေနှိုင်းအား မင်းခန့်ကိုယ်တိုင် ရေချိုးသန့်စင် အဝတ် ဝတ်ပေးပြီး သူကိုယ်တိုင်လည်း ရေချိုးလိုက်တော့သည်။ ကုတင်ပေါ်ရှိ မေနှိုင်းကတော့ မင်းခန့်လုပ်သမျှကို ထိုင်၍ကြည့်နေတော့သည်။
မင်းခန့်လည်း ကုတင်ပေါ်ကမေနှိုင်းဘေးတွင် ထိုင်ကာမေနှိုင်းရဲ့ပခုံးပေါ်ကို ခေါင်းလေးတင်လိုက်တော့သည်။
"အကို နေမကောင်းဘူးလားဟင်"
"ဟင့်အင်း ကိုယ်နေကောင်းပါတယ်။ ကိုယ်စဉ်းစားမိနေတာ တစ်ခုရှိတယ်"
မေနှိုင်းကတွေးဆဆဖြင့် 'ဘာများလဲ'ဟုမေးလိုက်မိတော့သည်။
ထိုအခါမှာ မင်းခန့်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းလေးပြန်ထောင် လာခဲ့တော့သည်။
YOU ARE READING
တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)
Romanceကောင်လေးကခပ်ဆိုးဆိုးနေပြီးမိဘတွေတောင်မနိုင်လို့လွှတ်ရထားရတဲ့ လူမျိုးနဲ့ ကောင်မလေးကခပ်ချေချေနေပြီးဘယ်သူနဲ့မှစကားသိပ်မပြောပဲနေတဲ့လူနဲ့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ ပထမဆုံးစရေးတဲ့fictionမလို့ အရေးအသားညံ့ရင်ကြိုပြီးတောင်းပန်ပါတယ် အတက်နိုင်ဆုံးတော့ ကောင်းအော...