Part-15
"ကို"
"ဟေ့ဟျောင် မင်းဘာလုပ်မှာလဲ ကိုယ့်နေရာကိုပြန်လိုက်ရင်ပိုကောင်းမယ်"
"မင်းကသူ့ကောင်လေးလား"
"ဟုတ်တယ်"
"အော်ဆောရီးကွာ ဒီကောင်မလေးစနေတယ်ထင်လို့"
"ရတယ် ကိုယ့်နေရာကိုသွားလိုက်တော့"
"ဟုတ်ပြီ ဟုတ်ပြီ"ဟုပြောပြီးအဲ့ကောင်လှည့်ထွက်သွားသည်။
"ခွင်း ဘာမှာပြီးပြီလဲ"
"မုန့်တီသုပ်မှာထားတယ် အကိုကဘာစားမှန်းမသိလို့ မမှာရသေးဘူး"
"ခုဏကလို'ကို'လို့ပဲခေါ်ပါ"
"ဟင့်အင်း မခေါ်ပါဘူး ခုဏကဟိုတစ်ယောက်ရှိလို့ခေါ်လိုက်တာ"
"ကိုလို့ခေါ်တဲ့အသံလေးကချစ်စရာလေးပါဗျာ"
"အာ မစနဲ့တော့ မနေတတ်တော့ဘူး"
"လာ မနေတတ်ရင် ကိုယ့်ရင်ခွင်ထဲလာနေ"
"အာ ရှင်နော် တော်ပြီ ပြန်တော့မယ်"
"စတာပါဗျာ ပြန်တော့မပြန်လိုက်ပါနဲ့မုန့်ရနေပြီစားတော့"
"အင်း"
သူတို့နှစ်ယောက်မုန့်စားပြီးလို့ပြည်သူ့ရင်ပြင်ကိုသွားလိုက်သည်။ပြည်သူ့ရင်ပြင်ရောက်တော့ ဆိုင်ကယ်ထားတဲ့နေရာမှာရပ်လိုက်သည်။ဆိုင်ကယ်ရပ်ပြီးတော့ အထဲက်ိုဝင်လာလိုက်သည်။
"လာ ကို့လက်ကိုသေချာကိုင်ထား လူကွဲသွားလိမ့်မယ်"
"ရပါတယ် ကလေးမှမဟုတ်တော့တာ"
"ကလေးမဟုတ်လည်းလာ ကို့လက်ကိုသေချာကိုင်ထား"ဟုသူပြောတော့မေနှိုင်းမျက်စောင်းထိုးလိုက်သည်။သူ့ကိုမျက်စောင်းထိုးတာကိုပြုံးပြုံးကြီးလာကြည့်နေတယ် ဘယ်လိုလူလည်းမသိဘူး။
"အကိုဟိုမှာ roller coasterစီးမယ်"
"ဟမ် မစီးပါနဲ့"
"ဘာလဲအကိုကြောက်လို့လား"
"မကြောက်ပါဘူး"
"အဲ့တာဆိုစီးမယ်လေ"
"အင်း အင်း"ဟုသာသူပြောလိုက်ရတာ သူအဲ့တာတွေစီးဖို့ဆိုအရမ်းကြောက်တာ။
YOU ARE READING
တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)
Romanceကောင်လေးကခပ်ဆိုးဆိုးနေပြီးမိဘတွေတောင်မနိုင်လို့လွှတ်ရထားရတဲ့ လူမျိုးနဲ့ ကောင်မလေးကခပ်ချေချေနေပြီးဘယ်သူနဲ့မှစကားသိပ်မပြောပဲနေတဲ့လူနဲ့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ ပထမဆုံးစရေးတဲ့fictionမလို့ အရေးအသားညံ့ရင်ကြိုပြီးတောင်းပန်ပါတယ် အတက်နိုင်ဆုံးတော့ ကောင်းအော...