Part-4
1.9K 46 0
Part-4
"ငါမင်းကိုခင်ဖို့ပြောတယ်လေ"
"အေး ငါကမခင်ပါဘူးလို့ပြန်ပြောလိုက်
တယ်လေ ဘာလဲ အတိတ်မေ့သွားတာလား"
မင်းခန့်ကို အာကာကတားရပါတော့သည်။
"မင်းခန့် သွားရအောင်နော် သူများတွေကြည့် နေတယ် စိတ်လျော့ပါကွာ"
အာကာက မင်းခန့်ကိုဆွဲခေါ်သွားတော့သည်။
သစ္စာကပါ မေနှိုင်းကိုစပွါးပါတော့သည်။
"မေနှိုင်းနင်ကလည်းဟာ မစားချင်ရင်တောင် လွှတ်ပစ်ဖို့တော့မလိုဘူးလေ ငါတို့ကိုကျွေးပေါ့"
"အရေးထဲငတ်နေသေးတယ်"
လပြည့်က သစ္စာကိုပြန်ပြောလိုက်သည်။
အဲ့ချိန်တွင်မြန်မာစာ ဆရာမက အခန်းထဲဝင်လာပါသည်။
အားလုံးကဆရာမကိုနှုတ်ဆက်ကြပါသည်။စာစသင်ပါတော့သည်။
ကျောင်းဆင်းခေါင်းလောင်းထိုးတော့ ဆရာမကိုနှုတ်ဆက်ကြရသည်။
"မင်္ဂလာပါဆရာမ ကျေးဇူးတင်ပါတယ်ဆရာမ"
"အေးအေး"
မေနှိုင်းသူ့စက်ဘီးရပ်ထားတဲ့နေရာသို့သွားသည်။မေနှိုင်းနောက်ကိုသစ္စာနဲ့လပြည့်ကလိုက်ပြီးသူ့စက်ဘီးကိုလိုက်ယူပါတယ်။
အာကာတို့ကဟိုသုံးယောက်ကိုတွေ့တော့ လှန်းခေါ်လိုက်သည်။
"ဟဲ့ဟိုသုံးယောက်ပြန်တော့မှာလား"
"အေးပြန်တော့မှာ"
သစ္စာကအာကာအမေးကိုပြန်ဖြေလိုက်သည်။
"ငါတို့နဲ့ မုန့်တီသွားသောက်မယ်လိုက်အုန်းမလား"
စွမ်းပြည့်ကပါမေးသည်။
"အေးလိုက်မယ် လိုက်မယ်"
သစ္စာနဲ့လပြည့်ကဝမ်းသာအားရပြန်ဖြေလိုက်သည်။
"ဟဲ့မေနှိုင်းလိုက်အုန်းမလား"
ဟုသစ္စာက မေနှိုင်းကိုမေးလိုက်သည်။
"ဟင့်အင်း မလိုက်ဘူး"
ဟုမေနှိုင်းကပြန်ဖြေလိုက်သည်။
"နင်ကလည်းလိုက်ခဲ့ပါဟယ်နော်...နော်လို့"
"မလိုက်ပါဘူးဆိုနေ"
"လိုက်ခဲ့ပါဟယ် နင်ကလည်း"
အားလုံးကပါ အတင်းဝိုင်းခေါ်ကြတော့ မေနှိုင်းအားနာလို့ လိုက်သွားရပါတော့သည်။
မုန့်တီဆိုင်ရောက်တော့ မင်းခန့်ကအားလုံးကိုဘာစားမလဲဟုမေးသည်။
ဟိုလေးယောက်က မုန့်တီငါးဖယ်နဲ့လေးပွဲဟုမှာလိုက်သည်။သူကမေနှိုင်းကိုတစ်ချက်ကြည့်ပြီး ဘာစားမလဲဟုမေးသည်။
"မင်းရောဘာမှာမှာလဲ"
"ငါ့ဟာငါမှာမယ်"
ဟုမေနှိုင်းကပြောပြီး အန်တီကြီးကိုမှာလိုက်သည်။
"အန်တီသမီးကို မုန့်တီငါးဖယ်နဲ့တစ်ပွဲ"
"အန်တီကျွန်တော့်ကိုမုန်တီငါးဖယ်နဲ့ လေးပွဲပေးပါ"
သူတို့မှာပြီးချိန်အန်တီကြီးက မုန့်ပွဲတွေပြင်ပြီးသူတို့ကိုလာချပေးလိုက်သည်။
စားရင်းသောက်ရင်းမင်းခန့်အိမ်လိပ်စာကိုမေးလိုက်သည်။
"မင်းခန့် မင်းအိမ်ကဘယ်နေရာမှာလဲ"
Coming soon part-5
(အပိုင်းတွေအရမ်းတိုနေလို့ ထပ်တင်ပေးလိုက်တာပါနော်)
Part-4
အရေးထဲငတ်နေသေးတယ်
အေးအေး
အေးပြန်တော့မှာ
စွမ်းပြည့်ကပါမေးသည်။
အေးလိုက်မယ် လိုက်မယ်
ဟင့်အင်း မလိုက်ဘူး
မလိုက်ပါဘူးဆိုနေ
မင်းရောဘာမှာမှာလဲ
ငါ့ဟာငါမှာမယ်
Coming soon part-5
တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)Where stories live. Discover now