Part-14

1.2K 27 4
                                    

Part-14

"အယ် ရှင်နော်"

"ဘာရှင်နော်လည်း သွားအိမ်ထဲဝင်တော့"

"အင်း "ဟုပြောပြီးမေနှိုင်းအိမ်ထဲသို့ဝင်လာလိုက်သည်။

မေနှိုင်းအိမ်ထဲသိုဝင်လာတော့အမေနဲ့အဖေကိုဧည့်ခန်းထဲတွင်တွေ့လိုက်သည်။

"သမီးသားရောအိမ်ထဲဝင်သွားပြီးလား"

"မသိဘူး အခုဆိုရင်တော့ဝင်သွားလောက်ပြီပေါ့"

"အေး အေး အက်ျီသွားလည်းအုန်း"

"ဟုတ်အမေ"

မေနှိုင်းအပေါ်သို့တက်လာလိုက်သည်။မေနှိုင်းအဝတ်အစားတွေလဲပြီးမကြာ သူဖုန်းဆက်လာသည်။

"helloခွင်းလား"

"အင်း ဟုတ်တယ်ပြော"

"မနက်ဖြန်အပြင်သွားမလား"

"ဟင် ဘယ်သွားမှာလဲ"

"မင်းဘယ်သွားချင်လဲ"

"ပြည်သူ့ရင်ပြင်သွားမလား"

"အင်း သွားလေ အမေတို့ကိုပြောလိုက်အုန်း မနက်နိုးရင် ကိုယ့်ကိုဖုန်းဆက်လိုက် ကိုလာခေါ်မယ်"

"အင်း ဘယ်ချိန်သွားမှာလဲ"

"၇:၃၀လောက်သွားမယ်လေ မုန့်လည်းဝင်စာကြမယ် အိမ်ကစားမလာနဲ့တော့နော်"

"အင်း ဟိုလေးယောက်ကိုခေါ်အုန်းမှာလား"

"ဟင့်အင်းမခေါ်နဲ့ရှုပ်တယ်"

"အင်းအင်း အမေတို့ကိုသွားပြောလိုက်အုန်းမယ်"

"အိုခေပါဗျာ"

မေနှိုင်းဖုန်းချလိုက် အမေတို့အောက်ထပ်ကိုဆင်းသွားလိုက်သည်။

"အမေ"

"အေ"

"သမီးပြောစရာရှိလို့"

"ပြောလေ"

"သမီးမနက်ဖြန် အပြင်သွားချင်လို့"

"ဘယ်သူနဲ့လဲဘယ်သွားမှာလဲ"ဟုအဖေကလှမ်းမေးသည်။

"ပြည်သူ့ရင်ပြင်သွားမှာ အကိုမင်းခန့်ပိုင်နဲ့သွားမှာ"

"အေးအဲ့တာဆိုသွားလေ ဘယ်ချိန်သွားမှာလဲ"

"မနက်၇:၃၀လို့ပြောတယ်အမေ"

တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)Tempat cerita menjadi hidup. Temukan sekarang