Part-2

2.4K 65 8
                                    

"ကျွန်တော့နာမည်က မင်းခန့်ပိုင်ပါ"ဟုမိတ်ဆက်ပြီးချိန်မှာ ဆရာမက သူထိုင်ဖို့နေရာစီစဉ်ပေးသည်။

"သား သူတို့နှစ်ယောက်ဘေးမှာသွားထိုင်လိုက်နော်"လို့ပြောတော့ ကျွန်တော်ဆရာမပြောသည့်နေရာမှာ သွားထိုင်လိုက်သည်။

အာကာမင်းဝေနဲ့စွမ်းပြည့်ဟာ သူတို့နှစ်ယောက်နားလာထိုင်တဲ့ကျောင်းသားသစ်ကို သူငယ်ချင်းဖွဲ့ဖို့ စပြောလိုက်သည်။

"မင်းခန့်ပိုင်"

ခန့်သည်သူနာမည်ခေါ်တော့လှမ်း၍ကြည့်လိုက်ပြီး

"ပြော"ဆိုသည့်စကားတစ်လုံးသာပြောလိုက်သည်။
အဲ့ချိန်မှာ အာကာမင်းဝေက စမိတ်ဆက်လိုက်သည်။

"ငါနာမည်က အာကာမင်းဝေ။ဒီကောင့်နာမည်က စွမ်းပြည့်လေ ငါတို့အခုသူငယ်ချင်းဖြစ်ပြီနော်"

"ငါ့နာမည်ကိုတော့ မင်းတို့နှစ်ယောက်သိပြီးကြပဲဆိုတော့ ထွေထွေထူးထူး မိတ်ဆက်မနေတော့ဘူး"။လို့ပြောပြီး ဆရာမကစာစသင်ဖို့ သူ့ဘာသာစာအုပ်ကို ထုတ်ခိုင်းသည်။
သူမိန်းကလေးတန်းမှာထိုင်နေသည့် ခုနကကောင်မလေးကိုလှမ်းကြည့်လိုက်သည်။အဲ့တာကိုအာကာမင်းဝေ ကမြင်ပြီးသူ့ကို မေးခွန်းတွေစမေးလာတယ်
"မင်းခန့် မင်း ခွင်းမေနှိုင်းကိုကြည့်နေတာလား ဘာလဲစိတ်ဝင်စားလို့လား"

"မဟုတ်ပါဘူး အဲ့ကောင်မလေးက ငါစဝင်လာကတည်းက သတိထားမိနေတာ။ငါဝင်လာတာကို ဂရုမစိုက်ပဲ စာအုပ်ကိုကြည့်နေတာ"

အဲ့ချိန်မှာငြိမ်နေတဲ့ စွမ်းပြည့်ကစကားစပြောလာသည်။
"အဲ့တာသူ့ပုံစံပဲလေ သူ့ကိုစိတ်ဝင်စားတဲ့သူတွေမှ အများကြီးပဲ ဒါပေမယ့်ဘယ်သူကိုမှ အဖက်လုပ်တာမဟုတ်ဘူး အရမ်းချေတာ ငါတို့တောင် သူ့ဘေးကနှစ်ယောက်နဲ့ခင်လို့သာ ငါတို့ကိုအားနာလို့ စကားပြောတာ"

"ဟုတ်တယ်"ဟု အာကာမင်းဝေကပါ ဝင်ပြောလာသည်။

ဆရာမစာသင်နေတာကို ဂရုမစိုက်ကြပဲစကားပြောနေချိန်တွင် ဆရာမတစ်ယောက်က အတန်းပိုင်ကို အစည်းအဝေးရှိတယ်ဟုလာပြောသည်။
အစည်းအဝေး မသွားခင်ဆရာမက တစ်တန်းလုံးကိုမှာခဲ့သည်။

တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)Unde poveștirile trăiesc. Descoperă acum