Part-13 (zawgyi)

548 1 0
                                    

Part-13

စေ့စပ်ပွဲနေ့မှာ မင်းခန့်ပိုင်တို့မိသားစုတွေအစောကြီး မေနှိုင်းတို့အိမ်ကိုသွားရပါတော့မည်။သူကတော့အပျော်လွန်ပြီး အစောကြီးနိုးပြီးပြင်ဆင်ထားလိုက်သည်။မိဘတွေပါပြင်ဆင်ပြီးတော့ မေနှိုင်းတို့အိမ်ဘက်သို့ထွက်လာလိုက်သည်။

မေနှိုင်းလည်းအစောကြီးနိုးပြီးပြင်ဆင်ထားလိုက်သည်။စေ့စပ်ပွဲကိုအသိမိတ်ဆွေတွေလောက်နဲ့ပဲ အကျင်းချုံးလုပ်လိုက်မယ်လို့တိုင်ပင်ထားကြသည်။မေနှိုင်းကမြန်မာဝမ်းဆက်အဖြူရောင်လေးကိုဝတ်ထားပြီး မတ်ကပ်ကိုနည်းနည်းလောက်ပဲလိမ်းလိုက်သည်။
အောက်ထပ်မှာသူတို့ရောက်လာတော့ မေနှိုင်းကိုအမေကလာခေါ်သည်။မေနှိုင်းသူငယ်ချင်းရော သူ့သူငယ်ချင်းတွေရောပါအောက်မှာရောက်နေကြသည်။မေနှိုင်းအောက်ထပ်သို့ရောက်တော့ အရင်ဆုံးသူ့ကိုတွေ့လိုက်သည်။တိုက်ပုံအဖြူလေးကိုပုဆိုးနက်ပြာပြာလေးနဲ့တွဲဖက်ဝတ်ထားသည်။သူ့ကိုမြင်သူငေးတာလည်းမစမ်းပါဘူး အရမ်းချောနေတာကို။

သူမေနှိုင်းဆင်းလာတာကိုစိတ်လှုပ်ရှားပြီးကြည့်လိုက်မိသည်။ဝမ်းဆက်အဖြူလေးနဲ့မိတ်ကပ်ကပါးပါးလေးဆံပင်ကိုလည်း ရိုးရိုးလေးသာစီးထားသည်။

သူတို့စေ့စပ်ပွဲပြီးတော့သူငယ်ချင်းတွေကမုန့်ဝယ်ကျွေးဖို့ပြောလို့သူတို့နှစ်ယောက်လိုက်ဝယ်ကျွေးရသည်။

ဟဲ့မေနှိုင်း

ဟင်

နင်တို့နှစ်ယောက်ဆိုင်ကယ်တစ်စီးနဲ့သွား ငါကအာကာနဲ့လပြည့်ကစွမ်းပြည့်ဆိုင်ကယ်နဲ့သွာူမယ်တဲ့

အော် အေး သူထွက်လာမှငါပြောလိုက်မယ် နင်တို့ကအရင်သွားမှာလား

အေး ဟုတ်တယ် oceanမှာဆုံကြမယ်

အေးအေး

သစ္စာတို့ထွက်သွားပြီးမကြာ သူလည်းအိမ်ထဲကထွက်လာသည်။

ဟိုလေးယောက်ရော

သူတို့ကအရင်သွားနှင့်မယ်တဲ့ ပြီးမှမေနှိုင်းနဲ့အကိုနဲ့ကလိုက်ခဲ့ဆိုလို့ မေနှိုင်းကအကို့ကိုစောင့်နေတာ

လာလေ ဆိုင်ကယ်ပေါ်တက်ကိုမောင်းမယ်

အင်း

ကို့ခါးကိုဖက်ထားပြုတ်ကြမယ်

ဟင် အင်းအင်းဟုပြောပြီးမေနှိုင်းသူ့ခါးကိုဖက်လိုက်သည်။

မေနှိုင်းနဲ့သူoceanေးာက်တော့ဟိုလေးယောက်ကိုမတွေ့တာနဲ့ မေနှိုင်းဖုန်းဆက်ဖို့ပြင်လိုက်သည်။အရေးအကြောင်းဆိုးဖုန်းကဘယ်တော့မှဘေလ်မရှိဘူး အဲ့တာကိုသူကမြင်တော့

ရော့ ကို့ဖုန်းနဲ့ဆက်လိုက်

မေနှိုင်းသူ့ဖုန်းကိုယူလိုက်သည်။

ဖုန်းpasswordကဘာလဲ

မင်းမွေးနေ့

ဟင် တကယ်ကြီးလား

အင်း

မေနှိုင်းသူပြောတဲ့အတ်ိုင်းမေနှိုင်းမွေးနေ့ကိုရိုက်ထည့်လိုက်တော့တကယ်ကြီးlockပွင့်သွားတယ် မေနှိုင်းဟိုဟာတွေကိုဖုန်းဆက်လိုက်တော့

ဟဲ့နင်တို့ကဘယ်နားမှာလဲ

ငါတို့oceanထဲမှာဝင်ခဲ့ kfcဆိုင်နားမှာရှိတယ်

အော် ဟုတ်ပြီ ငါတို့နှစ်ယောက်ဝင်ခဲ့မယ်

ခွင်း ဘယ်မှာတဲ့လဲသူတို့က

KFCဆိုင်ဘေးနားမှာတဲ့

အော် လာသွားမယ်ဟုပြောပြီးမေနှိုင်းလက်ကိုကိုင်လိုက်သည်။

မေနှိုင်းလန့်ပြီးသူ့လက်ထဲကမေနှိုင်းရုန်းလိုက်သည်။

ဘာလို့ရုန်းတာလဲ ကိုယ်ကဘာမှလုပ်မှာမှမဟုတ်တာ

မပြောမဆိုနဲ့လက်ကိုကိုင်တော့လန့်တာပေါ့ဟုမေနှိုင်းရန်တွေ့လိုက်သည်။

ရန်တွေ့မနေနဲ့ ဒီကကောင်ကစိတ်ကခိုင်တာမဟုတ်ဘူး ဖက်နမ်းမိလိမ့်မယ်

ရှင်နော်

လာသွားမယ် နောက်ကျလိမ့်မယ်

မေနှိုင်းတိုစားပြီးအိမ်သို့ပြန်လာချိန်မှာ ည၇နာရီလောက်ရှိနေပြီ မေနှိုင်းကိုအိမ်သို့လိုက်ပို့ပေးသည်။

ပြန်တော့လေ

အင်း မနက်ဖြန်ဘယ်သွားမှာလဲ

မသိသေးဘူး တက္ကသိုလ်ကျောင်းကဒီလကုန်သွားအပ်ရမှာနော်

အင်း အတူတူသွားအပ်မယ်နော်

အင်း

အဲ့တာဆိုကိုယ်ပြန်တော့မယ်ဟုပြောပြီးမေနှိုင်းကိုပါးကိုနမ်းလိုက်သည်။

အယ် ရှင်နော်



Coming soon part-14

တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)Tahanan ng mga kuwento. Tumuklas ngayon