Part-3
မေနှိုင်းသူ့ရှေ့က ကျောင်းသားသစ်ကိုသေချာကြည့်မိတယ်။ကြည့်နေတာကို သူကမြင်တော့ မေနှိုင်းကိုစကားစပြောတယ်။
"မင်းက ခွင်းမေနှိုင်းမှတ်လား"
"သိနေတာကို ဘာလို့လာမေးနေတာလဲ"
မေနှိုင်းအပြောကြောင့်ဘေးကသစ္စာက ကျောင်းသားသစ်ဆိုတဲ့သူကို အားတုန့်အားနာဖြစ်ပြီးတောင်းပန်ပါတော့သည်။
"အကိုမင်းခန့်ပိုင် မေနှိုင်းကစကားပြောရင်အဲ့လိုပဲ စိတ်မဆိုးပါနဲ့နော် သူ့အစားသစ္စာတောင်းပန်ပါတယ်""ရပါတယ် ကျွန်တော့စိတ်မဆိုးပါဘူး"
အဲ့ချိန်မှာမေနှိုင်းက သစ္စာကိုမျက်စောင်းထိုးပြီးပြောလိုက်သည်။
"နင်ကဘာကိစ္စကြောင့် တောင်းပန်နေတာလဲ""အားနာလို့ပေါ့ဟ"
"ဘာအားနာစရာရှိလဲ သူကငါ့နာမည်ကိုသိပြီးတာတောင် လေအလကားရတိုင်း လိုက်မေးနေတယ် ဘယ်လိုဟာမှန်းကိုမသိဘူး"
ဟုပြောနေပြီးမုန့်စားခေါင်းလောင်းထိုးတော့မေနှိုင်းထမင်းချိုင့်ကိုသွားယူသည်။သူတို့ကတော့ကြောင်တောင်တောင် ဖြစ်ပြီးကျန်ခဲ့ကြတယ်။
အဲ့ချိန််မှာ သစ္စာနဲ့လပြည့်ကပါမေနှိုင်းနောက်လိုက်ပြီး သူတို့ထမင်းချိုင့်လိုက်ယူသည်။
စွမ်းပြည့်ကကြောင်ပြီးရပ်နေတဲ့သူ့ကိုရိုက်လိုက်ချိန်သူအသိပြန်ဝင်လာပြီး အဲ့ချိန်မှာစွမ်းပြည့်ကသူ့ကိုမေးသည်။
"မင်းခန့် မင်းမှာ ထမင်းချိုင့်ပါလား""ဟင်းအင်းမပါဘူး"
"အဲ့တာဆို အောက်ကကန်တင်းမှာမုန့်သွား
ဝယ်ကြမယ် လိုက်မယ်မဟုတ်လား""အေး လိုက်မယ်လေ"
သူတို့သုံးယောက်အတန်းထဲကအထွက်မှာ အာကာက သစ္စာကိုတွေ့တော့မေးသည်။
"ဟဲ့ သစ္စာငါကန်တင်းသွားမလို့ ဘာစားအုန်းမလဲ"ဟုမေးတော့ လပြည့်ကမျက်စောင်းထိုးပြီးသူ့ကို
ရန်တွေ့ပါတော့သည်။"ငါလည်းပါးစပ်ပါတယ်လေ ငါ့ကိုလည်းဘာစားမလဲမေးပေါ့ သစ္စာကိုပဲ ကွက်ကြားမိုးရွားတာတော့မမိုက်ဘူး"
ČTEŠ
တကယ့်အချစ်ဆိုတာမင်းနဲ့မှ(ongoing)
Romanceကောင်လေးကခပ်ဆိုးဆိုးနေပြီးမိဘတွေတောင်မနိုင်လို့လွှတ်ရထားရတဲ့ လူမျိုးနဲ့ ကောင်မလေးကခပ်ချေချေနေပြီးဘယ်သူနဲ့မှစကားသိပ်မပြောပဲနေတဲ့လူနဲ့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ ပထမဆုံးစရေးတဲ့fictionမလို့ အရေးအသားညံ့ရင်ကြိုပြီးတောင်းပန်ပါတယ် အတက်နိုင်ဆုံးတော့ ကောင်းအော...