အပိုင်း(၈၈)

Start from the beginning
                                    

အားလုံးက သူ့ကို အမူအရာမျိုးစုံဖြင့် ကြည့်လာကြသည်။ စမ်းသပ်ချက်ကျရှုံးခြင်း၏ အဖိုးအခသည် ကြီးမားလွန်း၏။

"ဒါပေမယ့် မင်း ဒီဖြစ်နိုင်ခြေကို ဘယ်လိုလုပ် တွေးမိခဲ့တာလဲ?"
ကျန်းယွီက မေးလိုက်သည်။

ချီနန်က ရှင်းပြလိုက်သည်။

"ပထမဆုံးတစ်ချက်က ဇာတ်ကောင်နဲ့ ဆက်နွယ်နေတဲ့ ကားတားသူတွေနဲ့ ကြုံလိုက်တိုင်း ဇာတ်ကောင်ရဲ့ ခန္ဓာကိုယ်မှာ အတွင်းကြေဒဏ်ရာတွေ ပေါ်လာတယ်။ အိပ်မက်ဆိုးကလည်း ငါတို့ကို သဲလွန်စပေးတာပဲ ဖြစ်နိုင်တယ်။ ဒီဒဏ်ရာတွေက အလောင်းပေါ်က တကယ့်ဒဏ်ရာတွေပဲ"

"ဒုတိယအချက်က ကားတားနေတဲ့သူ ဝင်လာပြီးတာနဲ့ငါ့လည်ပင်းက ဒဏ်ရာက ပြတ်ရှရာမဟုတ်တော့ဘူး။ ကြိုးဒဏ်ရာဖြစ်နေတယ်။  ငါသံသယရှိတာက ငါတို့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက အသတ်ခံရသူတွေ သေဆုံးသွားတဲ့ နည်းလမ်းနဲ့ ဆက်စပ်နေတာမဟုတ်ဘဲ ငါတို့ဇာတ်ကောင်တွေ သေသွားတဲ့နည်းလမ်းနဲ့ ဆက်စပ်နေတာဖြစ်လိမ့်မယ်"

"တတိယအချက်က ငါကားထဲကို ပထမဆုံးရောက်တုန်းက ငါတို့တွေ ကားထဲကထွက်ပြီး လမ်းမပေါ်မှာ လျှောက်မသွားဖို့ ကားဆရာက သတိပေးခဲ့တယ်။ အဲ့ဒီအချိန်တုန်းက နေပူတဲ့အချိန်...ဒုတိယတစ်ကြိမ်က မိုးရွာနေတဲ့အချိန်။ ငါကားအပြင်ကိုထွက်တော့ ကားဆရာက ငါ့ကိုမတားပဲ ထီးတစ်လက်ပေးခဲ့တယ်။ ငါ့အယူအဆအရတော့ မိုးရွာတာက ကြားခံနယ်တစ်ခုပဲ။ ဒါက ကားထဲကနေထွက်ပြီး လမ်းမလျှောက်ရဘူးဆိုတဲ့ စည်းမျဉ်းကို ချိုးဖောက်လိုက်တယ်"

ပေ့မော့က ရုတ်တရက်ပင် ချီနန်၏အတွေးတွေကို သူလိုက်မမီကြောင်း ယုံကြည်သွားသည်။
"ကားဆရာက ပထမဆုံးနေသာတဲ့နေ့မှာ အဲ့တာကို ရှင်းပြခဲ့ပြီးသား။ သေသွားတဲ့သူတွေက ယန်ဓာတ်များတဲ့ လမ်းမပေါ်ကိုလျှောက်ဖို့ ရေကို ကြားခံအနေနဲ့လိုအပ်တယ်။ မိုးရွာပြီး မြေပြင်ကစိုစွတ်သွားတဲ့အချိန်ကျမှ သေဆုံးပြီးသားဝိညာဉ်တွေက လမ်းမပေါ်ထွက်လာနိုင်မှာ။  အဲ့ဒီတော့ ငါတို့လည်း မသေသေးတဲ့သူဖြစ်နိုင်ပါ့မလား"

ချီနန်က ခေါင်းညိတ်လိုက်သည်။
"ငါတို့ရဲ့သားကောင်တွေကို သတ်ပြီးတာနဲ့ ငါတို့လည်း သေသွားခဲ့ပြီ"

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now