အပိုင်း(၁၉)

2K 339 22
                                    

အိပ်မက်ဖန်တီးသူက ချီနန် ပြန်ထွက်သွားတာကို ကြည့်နေကာ တံခါးပိတ်ပြီး အချိန်အတော်ကြာတဲ့အထိ သူ့အကြည့်တွေက နေရာမရွေ့ပေ။ အချိန်အတော်ကြာပြီးမှ သူပြုံးလိုက်ပြီး နောက်ဆုံးတွင် သူ့အကြည့်ကို အခန်းအလယ်ရှိ ကိုယ်လုံးပေါ်မှန်ဆီသို့ ရွှေ့လိုက်သည်။

ထို့နောက် ရှေ့နှစ်လှမ်းတိုးကာ ချီနန်ရပ်ခဲ့သည့်နေရာသို့ လျှောက်သွားလိုက်၏။ မျက်နှာဖုံးအောက်ရှိ သူ့မျက်လုံးတွေက အနည်းငယ်အေးစက်‌ေန‌လေသည်။ ခဏကြာပြီးနောက် သူ့မျက်နှာကို ဖုံးထားသည့် သရဲမျက်နှာဖုံးကို ဖယ်ရှားရန် သူ့လက်ကို မြှောက်လိုက်သည်။

မှန်ထဲ၌ ချီနန်နှင့် လုံးဝတူညီ‌ေသာ မျက်နှာတစ်ခု ပေါ်လာ၏။ သူ၏မျက်လုံးများသည်သာ အလင်းမဝင်ရောက်နိုင်သော ချောက်ကြီးတစ်ခုလို နက်မှောင်နေလေသည်။

သူသည် အခြားတစ်ယောက်နှင့် ကစားနေသလိုမျိုး သူ့ကိုယ်ပိုင် ပုံရိပ်ကို ပွတ်သပ်ကာ မှန်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက်သူ့လက်ခလယ်ကို အားအနည်းငယ်ထည့်ကာ မှန်ကို လှန်လိုက်၏။ 
"အစ်ကို၊ ဒီတစ်ခါ ကျွန်တော့်ကိုမမှတ်မိတာ နှမြောစရာပဲ..."

ယိုယွီက ခေတ္တရပ်လိုက်ပြီး သူ့မျက်နှာပေါ်ရှိ အပြုံးက ပိုကျယ်ပြန့်လာသည်။ 
"မကြာခင် ကျွန်တော်တို့ ပြန်ဆုံကြမယ်"

သူလှည့်လိုက်ပြီး ယိုယွီ၏အိပ်မက် တစ်ခုလုံးကိုပြသနေသော သူ့စားပွဲပေါ်ရှိ မော်နီတာဆီသို့ပြန်သွားလိုက်၏။ ထို့နောက် ချီနန်၏အပိုင်းများကို သူပြန်ကြည့်လိုက်သည်။

Screen‌ေပါ်တွင် ချီနန်၏ audition ပထမညကို ပြသနေပြီး ယိုယွီသည်ဗီဒီယိုကိုနှေးလိုက်ကာ ချီနန်နှင့်အမျိုးသမီးတစ္ဆေကြားက ဆက်ဆံရေးကိုဂရုတစိုက်ကြည့်ရှုခဲ့သည်။ စောင့်ကြည့်ဗီဒီယိုတွင် ချီနန်သည် ဘာမှမလုပ်ခဲ့သော်လည်း တစ္ဆေအမျိုးသမီးကတော့ သိသိသာသာ ကြောက်မက်ဖွယ်အရာတစ်ခုကို မြင်လိုက်ရသလို တုန်လှုပ်သွားကာ နောက်ဆုံးတော့ သူမ ပြိုလဲကျသွားပြီး ပျောက်ကွယ်သွား‌ေလသည်။

ယိုယွီက မျက်မှောင်ကြုတ်ပြီး ထိုမြင်ကွင်းကို ထပ်ခါထပ်ခါ ပြန်ကြည့်‌ေန၏။ 
'စနစ်မှာ bug ရှိ‌ေနတာလား? ဒါပေမယ့် ဒီလိုအဆင့်နိမ့်တဲ့အမှားမျိုးက အိပ်မက်ကမ္ဘာမှာ ဘယ်တုန်းကမှ မကြုံဖူးပါဘူး၊ အထူးသဖြင့် သူ့အိမ်မက်တွေမှာ…'

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now