အပိုင်း(၃၁)

2.2K 308 16
                                    

ယဲ့ချန်က ချီနန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"စိတ်ချပါ။ ကျွန်တော်လည်း ကံမကောင်းပါဘူး"

ချီနန်က သူ့ထက်‌ေတာင် ပိုတည်ငြိမ်နေ၏။ 
“ငါတစ်ခါမှ ဆုမရဖူးဘူး”
(အရုပ်ဘာညာကိုပြောတာပါ။ စာနဲ့ပတ်သက်တဲ့ဆုမဟုတ်ပါဘူး)

"နံပါတ်အများဆုံးရတဲ့သူက လွတ်ငြိမ်းချမ်းသာခွင့် ရမှာလား?" 
ချီနန်က စနစ်ကို ထပ်မေးသည်။

[အိပ်မက်လည်ပတ်သူနှစ်ယောက် အန်စာတုံးကို အရင်လှိမ့်ပေးပါ။ လွတ်ငြိမ်းချမ်းသာခွင့်အတွက် စည်းမျဉ်းစည်းကမ်းများကို နောက်ပိုင်းတွင် ထုတ်ပြန်ကြေညာပါမည်။]

စနစ်က အထစ်အငေါ့မရှိ ပြန်ဖြေလာသည်။ တစ်ချိန်တည်းမှာပင် ဝန်ထမ်းတစ်ဦးက အန်စာတုံးခွက်နှင့် ဗန်းကို ယူဆောင်လာခဲ့၏။

လူတိုင်း, “……” တရားမျှတမှုဟာ ဟာသတစ်ခုပဲမလား?

ယဲ့ချန်က ချီနန်ကို ကြည့်လိုက်သည်။ 
"ဒါဆို ကျွန်တော်အရင်စလိုက်မယ်"

ချီနန်က ခေါင်းညိတ်လိုက်သည်။

ယဲ့ချန်သည် အေးဆေးတည်ငြိမ်သောအမူအရာဖြင့် အန်စာတုံးခွက်ကို ယမ်းလိုက်၏။ တုန်ခါမှုမှ ထွက်လာသော အသံကို အခြေခံ၍ ခွက်ထဲတွင် အန်စာတုံး တစ်ခုသာ ရှိကြောင်း သိနိုင်သည်။

အိပ်မက်လည်ပတ်သူ အများအပြားသည် ယဲ့ချန်၏ လှုပ်ရှားမှုများကို ကြည့်ကာ ရင်တထိတ်ထိတ်ဖြင့် အသက်ရှု‌ေအာင့်ထားကြ၏။ အထူးသဖြင့် ဟေးချ၏နဖူးသည် ချွေးများစိုရွှဲနေပြီဖြစ်သည်။

ငါးစက္ကန့်မပြည့်မီတွင်၊ ယဲ့ချန်သည် သူ့လက်လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး အန်စာတုံးက တစ်စုံတစ်ခုကို ထိမှန်‌‌ေနသော အသံများလည်း ရပ်တန့်သွား၏။

"ဖွင့်ရမလား?" 
သူသည် ချီနန်၏ ထင်မြင်ချက်ကို အရင်မေးလိုက်သည်။

“အင်း”

ယဲ့ချန်က အန်စာတုံးခွက်ကိုဖွင့်ပြီး ပြုံးလိုက်သည်။
"6ပဲ"

ဤနံပါတ်ကိုကြားသောအခါ ဟေးချ၏မျက်လုံးများ မှောင်လုနီးပါးဖြစ်သွားကာ ပြီးသွားပြီဟု သူထင်လိုက်မိသည်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now