အပိုင်း(၃၇)

1.2K 265 3
                                    

ချီနန် သူအိပ်ရာမဝင်မီက ဤဖယောင်းတိုင်မရှိခဲ့သည်ကို သေချာ‌ေပါက် ပြောနိုင်ပေသည်။ တစ်စုံတစ်ယောက်က သူတို့မသိလိုက်ခင် ဖယောင်းတိုင်ကို မီးညှိပြီး ပြတင်းပေါက်အပြင်ဘက်မှာ ထားခဲ့၏။

ထို့အပြင် ခေါင်းအုံးဘေးတွင် သူထားထားသည့် အဖြူရောင်သေတ္တာလေးထဲ၌လည်း အပိုမှတ်စုတစ်ခုရှိ‌ေနလေသည်။

[သင်ဟာ ဒုတိယညမှာ အကောင်းဆုံးစေတနာ့ဝန်ထမ်းဖြစ်တဲ့အတွက် ဖယောင်းလူသားမြို့ကို ကိုယ်စားပြုတဲ့ အကောင်းဆုံးလက်ဆောင်ကို ပေးအပ်လိုက်ပါတယ်။ ဒီမှတ်စုကိုတွေ့တဲ့အခါ သင်လက်ဆောင်ရပြီးပြီလို့ ယုံကြည်ပါတယ်။ သင်နဲ့ သင့်အခန်းဖော်တို့ တောက်ပပြီး အံ့သြဖွယ်ကောင်းတဲ့ ညတစ်ညကို ပိုင်ဆိုင်နိုင်မယ်လို့ စိတ်ရင်းမှန်နဲ့ မျှော်လင့်ပါတယ်။]

“သေတ္တာက မူလတုန်းက လွတ်နေတာ မထူးဆန်းပါဘူး။ စေတနာ့ဝန်ထမ်းတွေအတွက် လက်ဆောင်တွေကို ညနက်မှ ပို့ပေးတာပဲ”
ယဲ့ချန်သည် လက်ထဲရှိ ဗလာစာအုပ်ကို ပိတ်လိုက်ပြီး မျက်မှန်ကို တွန်းလိုက်၏။ 
"ကျွန်တော် သွားယူလိုက်မယ်"

သူသည်ပြောသည့်အတိုင်း ကုတင်ပေါ်မှ ခုန်ဆင်းကာ ယခင်က လွတ်လွတ်လပ်လပ် အဖွင့်အပိတ်လုပ်နိုင်သော ပြတင်းပေါက်ကို တွန်းလိုက်သည်။ ယခုတော့ ၎င်းက သော့ခတ်ထားသလို တွန်းဖွင့်မရတော့ပေ။

ချီနန်သည် အခန်း၏ ပရိဘောဂများကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ့အကြည့်များသည် ဗီရိုဘေးရှိ အဝတ်လှန်းသည့် သံချိတ်များအပေါ် ကျရောက်သွား၏။

10 စက္ကန့်အကြာတွင် ချီနန်သည် လက်ထဲတွင် အဝတ်ချိတ်ကိုကိုင်ကာ ယဲ့ချန်၏ကုတင်ပေါ်သို့ ခုန်တက်လာသည်။ 
"ရှေ့ကဖယ်"

ယဲ့ချန်က သူဘာကိုဆိုလိုသည်ကို နားလည်ခဲ့ပြီး အလွန်နာခံခဲ့၏။ ချီနန်က ပြတင်းပေါက်မှန်ကို အဝတ်ချိတ်နှင့် တိုက်ရိုက် ရိုက်ခွဲလိုက်သည်။ ပြတင်းပေါက်မှန်ကွဲသွားပြီး မှန်စများက ယဲ့ချန်၏ ကုတင်ပေါ် ပြုတ်ကျလာ‌ေသာကြောင့် ကျယ်လောင်တဲ့အသံတစ်ခုထွက်ပေါ်လာ၏။ ချီနန်က တိုက်ရိုက်လက်ဆန့်ထုတ်ကာ ဖယောင်းတိုင်ကို ဆွဲယူလိုက်သည်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now