အပိုင်း(၃၄-၁)

1.3K 267 5
                                    

ချီနန်က အဲဒါကို တွေးပြီး ရိုးရိုးသားသားပြောလိုက်၏။
"ငါမင်းကို အရမ်းရုပ်ဆိုးအောင်လုပ်မိပြီး ရတဲ့အမှတ်တောင် အနုတ်လက္ခဏာဖြစ်သွားနိုင်တယ်"

ယဲ့ချန်က မထူးခြားနားစွာ ပြုံးလိုက်သည်။ 
“ကျွန်တော်လည်း လက်မှုပညာမှာ မတော်ဘူး။ သာမန်လောက်ပဲ”

ချီနန်က သမ်းလိုက်သည်။ အကယ်၍ အတိတ်ကလိုသာဆိုလျှင် စည်းမျဉ်းများကို စမ်းသပ်ရန် တမင်တကာ လျောချ‌နေခဲ့‌ေပလိမ့်မည်။

ဘာပဲပြောပြော ပထမအိပ်မက်ဆိုးနှစ်ခုမှာတုန်းက ပြစ်ဒဏ်‌ေတွကနေပဲ သဲလွန်စအများကြီး တွေ့ခဲ့ရတာမလား။

လူအိုကြီးယွီ ပြောခဲ့သလို စွန့်စားရလေလေ ဆုလာဘ်ကြီးလေပင်။ အချို့သော အိပ်မက်ဖန်တီးသူများသည် အိပ်မက်လည်ပတ်သူများကို တမင်စမ်းသပ်နေသကဲ့သို့ အန္တရာယ်အစွန်းဆုံးတွင်မှ အရေးကြီးသောအချက်အလက်များကို ထည့်သွင်းဖော်ပြထားကြသည်။

သူသည် သဲလွန်စများ ရှာဖွေရင်းဖြင့် ဒီကမ္ဘာနှင့်ပတ်သက်ပြီး သိချင်စိတ်ကိုလည်း ကျေနပ်စေနိုင်သည်။ ထို့အပြင် သူသည် ပျင်းရိသောငါးတစ်‌ေကာင်‌ေတာင် ဖြစ်နိုင်သေး၏။

ဤအိပ်မက်ဆိုးသို့မဝင်မီက ယဲ့ချန်၏သေဆုံးနိုင်ခြေကို စနစ်က 90% သို့ အတင်းအကျပ်တိုးစေခဲ့သည်။  ဤအိပ်မက်ဆိုးအတွက် ဆုကြေးနှင့် ပြစ်ဒဏ်စည်းမျဉ်းများသည်လည်း ၎င်းတို့၏အဖွဲ့များအပေါ် အခြေခံထား‌၏။ သူသာခွင့်ပြုချက်မရှိဘဲ စွန့်စားလိုက်ပါက သေနိုင်ခြေ 90% ရှိသည့် ယဲ့ချန်ပါ ပါဝင်လာနိုင်‌ေခြရှိသည်။

နောက်ဆုံးတွင် ချီနန်သည် ဖယောင်းထွင်းသည့်ဓားကို နာခံစွာ ကောက်ယူရန် ဆုံးဖြတ်လိုက်၏။ သူက ဓားကို ပုံစံခွက်နဲ့ ထိပြီး ကိုးရိုးကားရားနဲ့ မှန်ထဲမှ ယဲ့ချန်ကို ကြည့်လိုက်သည်။

သူ့ဖယောင်းတိုင်အတွက်တော့ တောင်းဆိုမှုတွေ အများကြီး မရှိပါဘူး။ လူတစ်ယောက်နဲ့တူရင်ကိုတော်ပြီ။

ယဲ့ချန်က သူနှင့်မတူ‌ေပ။ ယဲ့ချန်သည် မှန်ထဲကိုကြည့်ရန် ခေါင်းမမော့ဘဲ ချီနန်၏အသွင်အပြင်ကို တစ်ကြိမ်တည်းပုံဖော်ရန် ထွင်းဓားကို အသုံးပြုခဲ့သည်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now