အပိုင်း(၆၁)

953 201 9
                                    

"ဂိမ်းရဲ့ စည်းမျဉ်းတွေက ရိုးရှင်းပါတယ်။ ဂိမ်းမှာ ပါဝင်ကြတဲ့ ကျောင်းသားတွေက စမှတ်မှာ ရပ်နေရမယ်" 
ဆရာမက စာသင်ခန်းအလယ်ရှိ အနီ‌ေရာင်ကြိုးကို ဒေါက်မြင့်ဖိနပ်နှင့် တက်နင်းလိုက်သည်။

“ဂိမ်းစတာနဲ့ ဆရာမက စာသင်ခန်‌းအဆုံးက ပြတင်းပေါက်ရှေ့မှာ မျက်စိမှိတ်ပြီး ရပ်နေမယ်။ ဆရာမ မျက်စိမှိတ်ထားတုန်း တတ်နိုင်သမျှ finish line ဆီ မြန်မြန်‌ေပြးကြပါ"

"ဒါပေမယ့် မင်းတို့သတိထားရမှာ‌ေတွရှိတယ်။ လှုပ်ရှားနေတုန်း သိပ်မဆူညံအောင် ကြိုးစားပါ။ ဆရာမ ခေါင်းကိုလှည့်ပြီး မျက်လုံးဖွင့်လိုက်တာနဲ့ မင်းတို့က လှုပ်ရှားမှုမရှိတဲ့ ကျောက်ရုပ်လို ဖြစ်‌ေနရမယ်။ အသံထွက်တာတို့၊ မျက်နှာအမူအယာတို့ ဘာမှမလုပ်ဘဲ လုံးဝငြိမ်နေရမယ်"

“အဲ့လိုမလုပ်နိုင်တဲ့ ကျောင်းသားတွေက ဂိမ်းကျရှုံးတယ်လို့ သတ်မှတ်ခံရပြီး အပြင်ထွက်ရလိမ့်မယ်။  တခြား‌ေကျာက်ရုပ်တွေက နောက်တစ်ကြိမ် ဆရာမ ခေါင်းလှည့်ပြီး မျက်လုံးမမှိတ်မချင်း ဆက်ကစားသွားရမယ်”
ဆရာမက သူမ၏လည်ပင်းကို 180 ဒီဂရီလိမ်ပြီး ပြောလိုက်သည်။ 

"ကျောက်ရုပ်တစ်ရုပ်က finish line ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်လိုက်တာနဲ့ မင်းတို့ဒီနေ့ညအတွက် ကျောင်းစည်းကမ်းအကြောင်း ချက်ခြင်းသိနိုင်တယ်"

ဆရာမ၏လည်ပင်းကြီး လိမ်သွားခြင်း‌ေကြာင့် သူတို့အားလုံး ကြက်သည်းထသွားကြသော်လည်း နောက်ဆုံးစည်းမျဉ်းက လူတိုင်းကို မျှော်လင့်ချက်ဖြစ်စေသည်။

ကျောက်ရုပ်ဂိမ်းသည် ထိုမျှခက်ခဲပုံမပေါ်ပေ။ စည်းမျဥ်းစည်းကမ်းများကို အခြေခံ၍ ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိနိုင်ရန် လူတစ်ဦးတည်းသာ လိုအပ်ပြီး ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်မည်ဖြစ်သည်။ ရရှိမည့်ဆုကတော့ ကျောင်းစည်းကမ်းကို လူတိုင်းသိနိုင်ခြင်းပင်။

“မင်းတို့ကျောင်းသားတွေ စည်းကမ်းချက်တွေကို နားလည်မလည်တော့ ငါမသိဘူး။ ဒါပေမယ့် ငါ့ရဲ့ အမြင်အာရုံထဲမှာ လှုပ်ရှားမှုမှန်သမျှကို လုံးဝတားမြစ်ထားတယ်ဆိုတာ သတိရပါ”

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now