အပိုင်း(၇၁)

806 185 3
                                    

ညီလေးရဲ့ ခေါင်းကို ဘယ်မှာ ဝှက်ထား‌ေလာက်မလဲ?

ချီနန်သည် 229က တိုက်ခန်းတွင် ပေါ်လာမည်ကိုသာအတည်ပြုနိုင်သော်လည်း နေရာအတိအကျကို‌ေတာ့ ဆုံးဖြတ်ရန် မဖြစ်နိုင်ပါချေ။

အရင်က ကောင်းချီးမှတ်တိုးစေခဲ့သော ဇာတ်ကွက်များအရ စဉ်းစားရမည်ဆိုလျှင် ညီငယ်လေးက တူတူပုန်းတမ်း ကစားရတာ နှစ်သက်သလို ဓာတ်ပုံရိုက်တာကိုလည်း နှစ်သက်ပြီး ညီငယ်လေးတွင် Paradise ငါးလို မျက်လုံးစိမ်းစိမ်းလေးတွေလည်း ပိုင်ဆိုင်ထား၏။

မဒမ်က မျက်လုံးစိမ်းသတ္တဝါများနှင့် ကလေးများကို မကြိုက်ကြောင်းကိုလည်း ရှင်းပြထားခဲ့သည်။  အတိအကျပြောရလျှင် သူမ၏ ပုံစံမမှန်‌ေသာ ကလေးကို ကိုယ်တိုင်ကိုယ်ကျ အသေသတ်ပစ်လိုက်ပြီးနောက် တစ်ဖက်လူက သူမကို နေ့ရောညပါ မငြိမ်းချမ်းအောင် ကျိန်စာတိုက်ခဲ့၍ သူမကျန်တစ်ဘဝလုံး ထိုအတိုင်း အသက်ရှင်ရမှာပဲ ဖြစ်သည်။ ကြားမှာငြိမ်းချမ်းရေးဆိုတာ မရှိပါချေ။

ယောက်ျားဖြစ်သူ၏ ခေါင်းပြတ်ခြင်း၊ paradise ငါးစွပ်ပြုတ်မှ ငါးများ မျက်လုံးဖောက်ခံထားရခြင်း အစရှိသော ဇာတ်ကွက်များလည်း ရှိကာ နောက်ကြောင်းပြန်ကြည့်ရလျှင် သူတို့က နိမိတ်ပုံ အရိပ်အမြွက်တွေနဲ့ ပြည့်နေတာကို တွေ့ရ‌ပေမည်။

သို့သော် ဒီကောက်ချက်တွေက [ညီငယ်လေးရဲ့ဦးခေါင်း] ကို ရှာတွေ့ဖို့ သူတို့ကို သိပ်ကူညီ‌ေပးနိုင်မယ့်ပုံမပေါ်ပေ။ သူတို့နှစ်ဦးသည် နံနက် 10 နာရီမှ မွန်းလွဲ 2 နာရီအထိ တိုက်ခန်း 229 ၏ နေရာတိုင်းနီးပါးကို ရှာဖွေခဲ့သော်လည်း ဦးခေါင်းနှင့် ပတ်သက်သည့် မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ပေ။

နေ့ခင်းဘက်တွင် လေသည် အလွန်ပူပြင်းပြီး စင်္ကြံ၏ ပြတင်းပေါက် အပြင်ဘက်တွင် ကောင်းကင်ကြီးက တိမ်မည်းများဖြင့် ဖုံးလွှမ်းခံ‌ေနရသည်။ ကြီးမားသော မုန်တိုင်းကြီးက ကုန်းချန်းကို ဝင်တိုက်တော့မည်ဟု ရေဒီယိုက ကြေညာနေ၏။

အုံ့မှိုင်းပြီး စိတ်ပျက်စရာကောင်းတဲ့ ရာသီဥတုက လေထုတစ်ခုလုံးကို ပိုထူးခြားသွားစေပြီး မသိမသာ သူတို့နှစ်ယောက်ကို အဆက်မပြတ် ဖိနှိပ်နေ‌ေလသည်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now