အပိုင်း(၁၀)

1.6K 353 17
                                    

စက္ကန့်ဝက်တိုင်းလိုလို အချိန်ကို အတည်ပြုရန် နာရီမော့ကြည့်မိသည်။ အခု အခန်းထဲက နာရီသည် မနက် 1နာရီ 40မိနစ်ကို ညွှန်ပြနေပြီး မိနစ် 20 အတွင်း အစမ်းသရုပ်ဆောင်လေ့ကျင့်မှု စတင်ပေတော့မည်…

ရှောင်းဝမ်က သူ့လက်ကို ပါးစပ်ထဲထည့်လိုက်ပြီး လက်သည်းတွေကို စိတ်လှုပ်ရှားစွာ ကိုက်လိုက်၏။ ဆံပင်အနည်းငယ်သာကျန်ရှိသည့် သူ၏ခေါင်းကို အခြားလက်တစ်ဖက်က ကုတ်လိုက်သည်။ စက္ကန့်လက်တံ၏ တရွေ့ရွေ့လှုပ်ရှားနေသံက တိတ်ဆိတ်နေသော ဧည့်ခန်းထဲသို့ တိုးဝင်လာပြီး သူ့ကြောက်ရွံ့မှုကို အဆမတန် ကျယ်လောင်စေခဲ့၏။

ဘာလို...ဘာလို့သူက 'သားကောင်'အဖြစ် သတ်မှတ်ခံရတာလဲ? လူတိုင်းက ကံကောင်းပြီး သူတို့ရဲ့ဆန္ဒ‌တွေကို အကောင်အထည်ဖော်ဖို့ နယ်မြေတွေ ရှင်းလင်းနေချိန်မှာ သူကဘာလို့ အသတ်ခံရမယ့် အမြှောက်စာဇာတ်ကောင် ဖြစ်နေရတာလဲ? လူသတ်သမားက အဲ့တာအတွက် အိပ်မက်နတ်ဘုရားရဲ့ မျက်နှာသာပေးမှုကိုတောင် ရနိုင်သေးတယ်...

ဒါ့အပြင်၊ အဲ့ဒီတခြားလူ‌က ဆူညံပွက်လောရိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အဖြောင့်မတ်ဆံုးလို့ ထင်နေတဲ့streamer‌ေကာင်နဲ့ ရုပ်ချောတဲ့ မျက်နှာနဲ့ မွေးဖွားလာပြီး သူသွားလေရာတိုင်း မိန်းကလေး‌ေတွရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့မျက်မမြင်‌ေကာင်။ သူမကြိုက်တဲ့ ဒီလူတွေကို သူတို့ရဲ့ နှစ်သက်မှုတန်ဖိုး တိုးမြင့်ပြီး သူတို့ရဲ့ ဆန္ဒတွေ အကောင်အထည်ဖော်ဖို့ ဘာလို့သူ့ကိုယ်ပိုင်ဘဝကို အဖိုးအခအဖြစ် ပေးဆပ်ရမှာလဲ? သူ့မှာကော ဆန္ဒရှိဖို့ မထိုက်တန်ဘူးလား? သူလည်း ဒီအိပ်မက်ဆိုးကမ္ဘာမှာ နေထိုင်ဖို့ မထိုက်တန်ဘူးလား?

ဒီကမ္ဘာကို လာဖို့ဆိုတာ မလွယ်သလို သူ့ကိုယ်သူ ပိုနာမည်ကြီးအောင် လုပ်ချင်ရံုတင်ပါ။ ထိပ်ပြောင်တဲ့လူလို့ တွေးပြီး သူ့နာမည်ကို အမြဲမေ့နေတဲ့ မိန်းကလေးတွေ မကြိုက်တာကိုမခံချင်ဘူး... ဒါက လွန်လွန်းလို့လား? တခြားလူ‌ေတွ‌မွေးကတည်းက ရတဲ့အရာတွေကို သူကဘာလို့အသက်ရင်းပြီး ရယူဖို့ လိုအပ်တာလဲ?

သူဆန္ဒမရှိဘူး! ဒါမတရားဘူး!

အချိန်ကြာလာသည်နှင့်အမျှ ရှောင်းဝမ်၏ မျက်နှာအမူအရာမှာ ကြောက်ရွံ့ခြင်းနှင့် မလိုလားခြင်းကြောင့် ပုံပျက်လာသည်။ ဖရိုဖရဲအသံများနှင့် စိတ်ခံစားမှုများဖြင့် ဝန်းရံခံထားရပြီး သူကူကယ်ရာမဲ့စွာဖြင့် ကြောက်လန့်နေကာ ဧည့်ခန်း၏ ထောင့်တစ်နေရာ၌ကွေးနေ၏။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now