အပိုင်း(၈)

1.6K 353 7
                                    

တခဏလောက် ပိုင်ရင်းကျီ၏ မျက်နှာပေါ်တွင် ထိတ်လန့်တကြား အမူအယာပေါ်လာသော်လည်း သူမ ကအမြန်ဖုံးအုပ်လိုက်သည်။ သူမအိတ်ထဲရှိ ဓားနှင့်တူသော လူသတ်လက်နက်ကို အမြန်ဝှက်ထားလိုက်၏။

ဟေးချသည် အကြမ်းဖက်မှုဖြင့် ဖြေရှင်းရန် အဆင်သင့်ဖြစ်နေပြီး ရုတ်တရက် အခြေအနေအပြောင်းအလဲတွင် စိတ်ရှုပ်သွားသည်။  အသံ၏ရင်းမြစ်ကို လှည့်ကြည့်လိုက်သော် ရှစ်နှစ်၊ ကိုးနှစ် အရွယ် ကလေးငယ်တစ်ဦးသည် ယခင်က အလွတ်ဖြစ်နေသော အခန်းထဲတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။

ကောင်လေး၏ မျက်နှာသွင်ပြင်မှာ ပြီးပြည့်စုံလုနီးပါးဖြစ်သည်။ သူသည် ဖြူဖျော့‌ေနပြီး သက်ရှိလူသားကဲ့သို့ မဟုတ်ဘဲ ကျိုးနေသောကြွေရုပ်ကဲ့သို့ နာရီအောက်ရှိ နံရံအလွတ်ကို မှီလျက်ရှိ‌ေန၏။ ဒါက ဓာတ်ပုံထဲက ယိုယွီမှန်း သိသာပါသည်။

"မေမေ၊ အစ်ကို့ကို အခန်းထဲမှာ လာကစားဖို့ ဖိတ်လို့ရမလား?" 
ယိုယွီ၏ အသံက ထပ်ပြီး ထွက်ပေါ်လာသည်။

ချီနန် မမြင်နိုင်သော်လည်း သူ့မျက်နှာပေါ်ရှိ တစ်ဖက်လူ၏ 'အကြည့်' ကို ရှင်းရှင်းလင်းလင်း ခံစားမိနိုင်၏။  ကြည့်ရှုခြင်းခံရခြင်း၏ သိမ်မွေ့သောခံစားချက်သည် သူ့အမြင်အာရုံကို ကျော်လွန်ပြီး သူမသိသည့်ပုံစံအတိုင်း တည်ရှိနေပုံရသည်။

ပိုင်ရင်းကျီက သူ့မျက်နှာပေါ်တွင် အပြုံးတုကြီး တပ်ဆင်လိုက်ပြန်သည်။ သူမသည် ဧည့်သည်များရှေ့တွင် အိပ်ခန်းထဲသို့ လှမ်းဝင်ကာ ယိုယွီရှေ့သို့ ငုံကိုင်းလိုက်၏။ ထို့နောက်နွေးထွေးသောလေသံဖြင့်-
“ရတာ‌ေပါ့။ မင်းအဖေနဲ့ငါက များသောအားဖြင့် အလုပ်များနေတာမို့ မင်းနဲ့ကစားဖို့ တစ်ယောက်ယောက်ရှိလို့ ဝမ်းသာပါတယ်"

“ဒါပေမယ့်…” ပိုင်ရင်းကျီက ခေတ္တရပ်ပြီး အေးစက်သော မျက်လုံးများဖြင့် ချီနန်ကို လှည့်ကြည့်လိုက်သည်။ 
“ဒီအစ်ကိုမှာလည်း လုပ်စရာရှိတယ်။ သူနဲ့ကစားပြီး သူ့အချိန်ကြန့်ကြာနှောင့်နှေးသွားလို့ အလုပ်မပြီးနိုင်ရင် မကောင်းဘူး”

ချီနန်က ယဉ်ယဉ်ကျေးကျေးပြော၏။
"နှောင့်နှေးမှုမရှိပါဘူး။ ကျွန်တော်က သခင်‌ေလးကို အရမ်းကြိုက်တာ"

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now