အပိုင်း(၉)

1.7K 332 1
                                    

ပိုင်ရင်းကျီ ထွက်သွားပြီးနောက် ဧည့်ခန်းသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကာ ခဏလောက် ကြောက်စိတ်နှင့် သံသယများ လေထဲတွင် ပြည့်လာသည်။ တစ်ယောက်နှင့်တစ်ယောက် အချင်းချင်း သံသယအကြည့်နှင့် ကြည့်နေကြ၍ လူတိုင်းက အသက်ရှူရခက်ခဲလာ၏။

"သားကောင်က ကျွန်မ မဟုတ်ဘူး။ ကျွန်မကိုမသတ်ပါနဲ့…”
နန်လုသည် သူမ၏ဗလာဇာတ်ညွှန်းကိုဖွင့်ကာ ဟေးချနှင့်လူတိုင်းအားသက်သေပြရန် စားပွဲအလယ်တွင်တင်ထားလိုက်သည်။

အန်းရန်က သူမကို စိုက်ကြည့်လိုက်၏။ 
"လူတိုင်းကို မင်းလို သူတို့ဇာတ်ညွှန်းကို ဖွင့်ခိုင်းလိုက်ရင် 'သားကောင်' ကို သူတို့ကိုယ်သူတို့ အတင်းထုတ်ပြခိုင်းသလိုဖြစ်သွားမှာပေါ့"

နန်လုအံ့အားသင့်သွားပြီး ပါးစပ်ကို အုပ်လိုက်သည်။
"တောင်းပန်ပါတယ်၊ ကျွန်မအရမ်း ကြောက်နေလို့ အများကြီးမစဉ်းစားမိဘူး…”

အန်းရန်သည် စကားတစ်ခွန်းမှ မပြောဘဲ မျက်လုံးသာလှန်လိုက်‌ေတာ့သည်။

ဟေးချက သူ့မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်လိုက်၏။
“auditionကိုလည်းFu*k ပဲ။ ငါတစ်ယောက်ယောက်ကို မသတ်နိုင်ဘူး။ ဒီည ခေါင်းမြီးခြံုအိပ်ပြီး အားလုံးကို လျစ်လျူရှုလိုက်တော့မယ်!"

"Streamerလေး၊ အိပ်မက်ဆိုးကမ္ဘာမှာ မင်းဘာမှလုပ်လို့မရဘူး" 
လူအိုကြီးယွီက မျက်ခုံးပင့်ရင်း‌ေပြာလိုက်သည်။
"ဇာတ်ညွှန်းကို မလိုက်နာဘဲ တစ်ခြားနည်းကို ရွေးမယ်ဆိုရင်၊ မင်းရဲ့ နှစ်သက်မှုတန်ဖိုးကို တိုးမြှင့်ဖို့ ကျရှုံးရုံတင်မကဘဲ သားကောင်လည်း မင်းနဲ့အတူ အပြစ်ပေးခံရလိမ့်မယ်"

ဟေးချက ဒေါသတကြီး ရယ်မောပြီး စားပွဲပေါ်ရှိ ဇာတ်ညွှန်းကို ကောက်ကိုင်လိုက်သည်။ 
"ဒီလိုအဓိပ္ပါယ်မရှိတဲ့ဇာတ်ညွှန်းကြောင့် ငါတကယ်ပဲ လူတစ်ယောက်ကို သတ်ရမှာလား? အရူးပဲသတ်လိမ့်မယ်…”

လက်ရှိ အိပ်မက်လည်ပတ်သူလူဟောင်းများလည်း ဤမေးခွန်းကို မဖြေနိုင်ကြပါ။ ချန်းရွှီက ခဏတာ တိတ်ဆိတ်သွားပြီးမှ သက်ပြင်းချလိုက်သည်။ 

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now