အပိုင်း(၅၄)

914 221 11
                                    

9:25 တွင် ချီနန်မနက်စာစားပြီး၍ စာသင်ခန်း 103 သို့ သွားလိုက်သည်။

ချီနန်နှင့် ကောရှန်းတို့သည် စာသင်ခန်းထဲသို့ နောက်ဆုံးမှ ဝင်ရောက်ကြသူများဖြစ်ပြီး အားလုံးနီးပါးက ထိုင်နှင့်နေကြ‌ပြီဖြစ်သည်။ ထို့‌ေနာက်မှ ဆရာမ‌ရောက်လာပြီး တံခါးပိတ်လိုက်၏။

ချီနန်က ထိုင်ရန် ထောင့်တစ်‌ေနရာကို ရှာတွေ့ခဲ့ပြီး မကြာမီမှာပဲ စာသင်ခန်းထဲတွင် ကျောင်းသား 16 ဦးသာ ကျန်ရှိတော့ကြောင်း တွေ့ရှိခဲ့သည်။ မျက်စိအလွန်ဖမ်းစားနိုင်သော အပြာရောင်နှင့် အစိမ်းရောင် ဦးခေါင်းများသည် ကျောင်းသားများကြားမှ ပျောက်ကွယ်နေ၏။

ဆရာမက စင်မြင့်ပေါ် ရပ်ကာ ပြောလိုက်သည်။
"ပထမညအပြီးမှာ ကျောင်းစည်းကမ်းဖောက်ဖျက်တဲ့ ကျောင်းသားသုံးဦး သေဒဏ်ပေးခံရတာကို သတိထားမိကြမယ်လို့ ထင်ပါတယ်။ ဆရာမတို့မှာ ကျောင်းသား 16 ယောက်ပဲ ကျန်‌ေတာ့တယ်"

"သေဒဏ်ကျခံရတဲ့ ကျောင်းသားတွေက အခန်း 201 က ရှောင်းချန်တုန်း၊ ကျန်းရှောင်းရှောင်းနဲ့ အခန်း 209 က ချောင်ဟဲတို့ပဲ။ သူတို့အတွက် စိတ်မကောင်းပါဘူး။ ကျောင်းသားတွေအားလံုး အနာဂတ်မှာ ကျောင်းစည်းကမ်းတွေကို အလေးထားပြီး လိုက်နာကြမယ်လို့ မျှော်လင့်ပါတယ်။ ဒါကိုသတိပေးတယ်လို့ မှတ်ယူကြပါ"

လူသစ်ကောင်မလေးတစ်ယောက်က သူ့လက်ကို မြှောက်လိုက်သည်။
"ဆရာမက ကျောင်းစည်းကမ်းတွေကို လိုက်နာဖို့ အမြဲပြောပေမယ့် ကျောင်းစည်းကမ်းတွေက ဘာတွေလဲဆိုတာ ရှင်းရှင်းလင်းလင်း မပြောဖူးဘူးလေ"

ဆရာမက လက်နှစ်ဖက်ကို တင်းတင်းဆုပ်ရင်း သူမ၏နှုတ်ခမ်းနီရဲရဲက တောင့်တင်းသွား၏။
"ငါမင်းတို့ကို တိုက်ရိုက်ပြောပြတာထက် မင်းတို့ကျောင်းသားတွေက ကျောင်းစည်းကမ်းတွေကို ကိုယ့်ဘာသာကိုယ် ရှာဖွေရလိမ့်မယ်"

လူတိုင်း : "......"

"မင်းတို့သာ သတိရှိပြီး ဥာဏ်ပညာနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်သရွေ့ ကျောင်းစည်းကမ်း‌ေတွကို အချိန်မီ ရှာဖွေတွေ့ရှိနိုင်ပြီး စည်းကမ်း‌ေတွကိုသာ လိုက်နာမယ်ဆိုရင် သေ‌ေဘးကနေ ကင်းဝေးနိုင်တယ်"

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now