အပိုင်း(၈၃)

453 88 6
                                    

ဖုန်းကိုင်ထားတာ ကြာလာတော့ ချီနန်ရဲ့လက်တွေက အနည်းငယ်ထုံလာခဲ့သည်။

"မင်းဘယ်မှာလဲ?"

ချီနန်က အတည်ပြုစရာတောင် မလိုဘဲ ဘယ်သူဆိုတာသိနေခဲ့၏။ တစ်ဖက်က ဖုန်းပြောနေတဲ့လူက ရယ်ပြီး ပြောလာခဲ့သည်။

"ကျွန်တော့်ကိုစောင့်နေ အစ်ကို"

အဲ့လိုပြောပြီးတာနဲ့ တစ်ဖက်လူက ဖုန်းကိုချသွားခဲ့သည်။ ဖုန်းချပြီးနောက် ကြားရသည့် ဖုန်းမှ 'တူ…တူ……' ဟူသောအသံက အရမ်းကိုစိတ်ရှုပ်ဖွယ်ကောင်းလှ၏။ ချီနန်က ခဏကြာအောင် ကြောင်နေမိပြီးမှ ဖုန်းချလိုက်သည်။

ကျန်းယွီက ချီနန်၏ အပြုအမူတွေကို စောင့်ကြည့်နေခဲ့ပြီး ဖုန်းချလိုက်သည့် အခါမှ မေးလာ၏။

"ဘာဖြစ်တာတဲ့လဲ? သဲလွန်စ တစ်ခုခု ရခဲ့လား?"

ချီနန်က ခေါင်းငြိမ့်ပြလာသည်။

"အဲ့ဒါက Angel မိဘမဲ့ဂေဟာက ဆက်တာ။ ငါ့ဇာတ်ကောင်မှာ ညီတစ်ယောက်ရှိတယ်။ သူကလွန်ခဲ့တဲ့ နှစ်တွေအများကြီးထဲက ပျောက်နေတာ။ ဘယ်သူ့မှ သူ့ကိုပြန်ရှာမတွေ့သေးဘူး"

"မင်းရဲ့ညီ?"

ကျန်းယွီက ချီနန်ကို စိတ်ဝင်တစား ကြည့်လိုက်မိသည်။

"မင်းကသူ့ကို ဘယ်လိုလုပ်ပြီး သိနေတာလဲ? ငါမှတ်မိသလောက်ဆိုရင် ငါတို့ရထားတဲ့ သဲလွန်စထဲမှာ အဲ့‌အကြောင်းမပါဘူးမလား"

ချီနန်က စိတ်မပါလက်မပါနဲ့ ပြန်‌ဖြေ၏။

"ခန့်မှန်းကြည့်လေ"

ကျန်းယွီက မျက်ခုံးတစ်ဖက်ပင့်ပြီး စကားဆက်မပြောတော့ပေ။ ချီနန်ကလဲ အဲ့အကြောင်းနဲ့ပတ်သက်ပြီး ဘာမှဆက်မရှင်းပြတော့ပါ။ သူ့အကြည့်‌ေတွက ကောင်တာပေါ်တင်ထားတဲ့ ပူရှိန်းပန်းကန်ဆီ ရောက်သွားပြီး ဟိုတယ်ပိုင်ရှင်ကို ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။

"ကျွန်တော် သကြားလုံးနည်းနည်းလောက် ယူလို့ရမလား?"

ဟိုတယ်ပိုင်ရှင်က ရုပ်ချောပြီး ယဉ်ကျေးတဲ့သူတွေကို သဘောကျသည့်ပံုပင်။ သူမက ချီနန့်အပေါ် တခြားလူတွေထက် ပိုပြီးယဉ်ကျေးစွာ ပြုံးပြကာ ပြောလိုက်၏။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now