အပိုင်း(၁၇) Arc-1 (end)

1.7K 368 24
                                    

သူ့ဝိညာဉ်သည် ယိုယွီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် ချီနန်သည် နောက်ထပ်အိပ်မက်တစ်ခု မက်ခဲ့သည်။

အိပ်မက်ထဲ၌ ပြာများ ပျောက်ကွယ်သွားပြီး တောက်ပသည့် လရောင်က အိပ်ခန်းထဲတွင် ပြည့်နေ၏။

အချိန်က နောက်ပြန်လှည့်လာပြီး သူပန်းချီကားထဲ ရှိနေစဥ် အချိန်ကို အိပ်မက်မက်ခဲ့သည်။

ယိုယွီသည် နံရံပေါ်ရှိ ငိုနေသောကောင်လေး ပန်းချီကားကို မျက်နှာမူကာ လျှို့ဝှက်ချက်တစ်ခုကို ပြောပြနေသလိုမျိုး သူ့အသံမှာ ချိုမြိန်နိမ့်ပါး‌ေန၏။ 
"အစ်ကိုက ကျွန်တော်မနေ့ညက အိပ်မက်ထဲမှာ မြင်ခဲ့တဲ့လူလား?"

"တစ်​​နေ့ ကျွန်​​တော်​လွတ်​လပ်​ရင်​ အစ်ကို့ဆီလာလို့ရမလား?"

အဆုံးမဲ့တိတ်ဆိတ်‌ေန‌သော ပန်းချီကားထဲမှ ချီနန်က ပြန်ဖြေလိုက်သည်။
"ငါမင်းကိုစောင့်နေမယ်"

ယိုယွီက သူ့အဖြေကို မကြားရဘူးဆိုတာ သူသိနေပေမယ့်လည်း‌ေပါ့။

ဒီအမှတ်တရမှတ်ဉာဏ်‌ေလးက ဘယ်လောက်ကြာခဲ့ပြီမှန်း ချီနန် မမှတ်မိခဲ့။ ဒါမှမဟုတ် တကယ်မဖြစ်ခဲ့တာများလား...

***

"ချီနန်? နိုးပြီလား? ဟယ်လို?"

ဟေးချ၏ အသံသည် ဝေးရာမှ နီးလာပြီး ချီနန်၏ အသိစိတ်က တဖြည်းဖြည်း ပြန်ရောက်လာသည်။

သူ့လည်ချောင်းသည် အလွန်ခြောက်သွေ့‌ေနပြီး ပါးစပ်ဖွင့်လိုက်သည်နှင့် ချောင်းဆိုးတော့၏။ ဟေးချက ရေသန့်ဘူးကို အမြန်လွှဲပေးလိုက်သည်။ 
“လာ လည်ချောင်းစို‌ေအာင် ရေသောက်လိုက်အုံး”

ချီနန်က ရေဘူးကို ယူလိုက်သည်။ ပုလင်းတစ်ဝက်သောက်ပြီးနောက် အနည်းငယ်သက်သာလာပြီး သူအသက်ရှင်နေသေးကြောင်း အတည်ပြုလိုက်၏။

သူသည် လက်ရှိတွင် ရှေ့သို့ တလှုပ်လှုပ်သွား‌ေနသော ရထားပေါ်တွင် ရှိနေသည်။ အေးစက်စက်‌ေလက သံနံ့များနှင့် ပြည့်နေ၏။

"မနေ့ညက ဘာဖြစ်တာလဲ?" 
ချီနန်သည် ရေဘူးအဖုံးကိုပိတ်ကာ ကုလားထိုင်၏ သားရေကူရှင်‌ေပါ် ခေါင်းမှီလိုက်သည်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now