အပိုင်း(၄၆)

1.1K 251 14
                                    

စင်္ကြံတွင် သေနတ်သံကြားရပြီးနောက် အိပ်ဆောင်ရှိ အိပ်မက်လည်ပတ်သူများအားလုံး ချက်ခြင်းနိုးလာကြသည်။ ပထမဆုံး တံခါးဖွင့်လာသည်က 103 မှဖြစ်၏။

ချီနန် တံခါးဖွင့်လိုက်သည့်အခိုက် သေနတ်တစ်လက်က သူ့နဖူးကို ချိန်လျက်ရှိနေ‌ေပသည်။

ချီနန်က မလှုပ်ရှားဘဲ အမှောင်ထဲတွင် သေနတ်ကိုင်ထားသူကို တစ်ချက်ကြည့်လိုက်၏။ 
"ဘာဖြစ်တာလဲ?"

တစ်ဖက်လူက သူမ၏ ဝမ်းနည်းမှုနှင့် မျက်ရည်များကို မျိုသိပ်ထားပုံရသည်။ သူမ၏ ပုခုံးများသည် ပြင်းထန်စွာ တုန်ခါသွားကာ သေနတ်ကိုင်ထားသော သူမ၏ လက်သည်လည်း တုန်ခါသွား၏။

ဒိုင်ဆင်စန်က စကားမပြော‌ေပ။ ချီနန့်နဖူးကို ချိန်ထားသော သေနတ်ကို ရွှေ့လိုက်ပြီး ချီနန်နောက်တွင် ရပ်နေသော ယဲ့ချန်ဘက်သို့ ချိန်လိုက်သည်။

"ငါယဲ့ချန်ကို သတ်ရမယ်။ မဟုတ်ရင် သူ့အရိပ်က ငါတို့အားလုံးကို သတ်ပစ်လိမ့်မယ်!"

သူမ၏ လက်ချောင်းများကို ခလုတ်ပေါ်၌ တင်းတင်းကြပ်ကြပ် ဖိထား၏။

အခန်း 101 သို့ပြောင်းခဲ့သော လူအိုကြီးယွီသည် ခဏ‌လောက် နားထောင်‌ေနခဲ့ပြီး နောက်ဆုံးတွင် မတတ်သာဘဲ တံခါးဖွင့်လိုက်ရသည်။ 
"ဘာတွေဖြစ်နေတာလဲ? ရုတ်တရက်ကြီး ရန်ပွဲတွေထဖြစ်ပြီး အခုအချင်းချင်းသတ်ဖို့အော်နေတာလား?"

"ဝူရင်း သေပြီ" 
ဒိုင်ဆင်စန်၏လက်သည် ပြင်းထန်စွာ တုန်ခါသွားသော်လည်း သေနတ်က‌တော့ ယဲ့ချန်၏နဖူးကို ချိန်ရွယ်ထားမြဲ။

စင်္ကြံတွင် ရှုပ်ပွနေသော သွေးစွန်းကွက်များနှင့် ဝူရင်း၏ ဖယောင်းအဖြစ် ပြောင်းသွားသော ခန္ဓာကိုယ်ကို လူအိုကြီးယွီ မြင်လိုက်ရသည်။ သူချွေးတွေပြန်လာပြီး မေးလိုက်၏။
“… ဘာဖြစ်တာလဲ?"

“သူကျွန်မတို့အတွက် မက်ဆေ့ချ်ချန်ပေးခဲ့တယ်။ ယဲ့ချန်ရဲ့အရိပ်က ဖယောင်းလူသားပွဲတော်မတိုင်ခင်မှာ ကျွန်မတို့အားလုံးကို သတ်ပစ်တော့မယ်!”
ဒိုင်ဆင်စန်သည် မျက်ရည်မကျအောင် ထိန်းချုပ်ကာ အံကြိတ်လိုက်သည်။
 
“သူမရဲ့ နောက်ဆုံးစကားတွေကို မြေပြင်ပေါ်မှာ ရေးထားတုန်းပဲ။ ရှင်ကိုယ်တိုင်ကြည့်လိုက်!"

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now