အပိုင်း(၃၈)

1.2K 273 1
                                    

ရွေ့ရွေ့သည် “ထူးချွန်‌ေစတနာ့ဝန်ထမ်း” ဆုကို မရရှိခဲ့သော်လည်း သတိပေးခြင်းမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ဒါက လူတိုင်းကို အံ့ဩသွားစေ၏။

"မနက်က ရွေ့ရွေ့က အိပ်ယာပေါ်မှာ လဲှနေတယ်ထင်ခဲ့တာ။ အချိန်အတော်ကြာအောင် ခေါ်နေ‌တာတောင် မတုံ့ပြန်ခဲ့လို့ သူနောက်ကျတော့မှာစိုးတာနဲ့ စောင်ကိုဆွဲလှန်လိုက်တယ်… အဲဒီနောက်…”
ငယ်ရွယ်သော မိခင်သည် တုန်တုန်ယင်ယင်နှင့် သူ့လက်ထဲမှ အရုပ်ကို ဆွဲကိုင်လိုက်ကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှု၊ ဝမ်းနည်းမှုတို့ကြောင့် မျက်လုံးများ နီရဲလာသည်။ 
"ကျွန်မသိတာအရမ်း နောက်ကျသွားခဲ့ပြီ။ စောင်‌အောက်မှာ ရှိနေတာက ရွေ့ရွေ့မဟုတ်ဘူး။ ဒီအရာပဲ..."

“‌ေရွ့‌ေရွ့က အမြဲနာခံတယ်။ သူကျွန်မကို မပြောဘဲ ထွက်သွားမှာ မဟုတ်ဘူး။ တစ်ခုခုတော့မှားနေပြီ… တစ်ခုခု ဖြစ်သွားခဲ့ပြီ…”

ချီနန်သည် ထူးဆန်းပြီး ဟောင်းနွမ်းနေသော အရုပ်ကလေးကို စိုက်ကြည့်ကာ မေးလိုက်၏။
"အဲဒါရွေ့ရွေ့ဟာလား?"

ငယ်ရွယ်သောမိခင်သည် ထူးဆန်းရှုပ်ထွေးသော မျက်လုံးများဖြင့် အရုပ်ကို စိုက်ကြည့်ရင်း ခဏတာ စိတ်ရှုပ်ထွေးနေပုံရသည်။ 
"ဟုတ်လောက်တယ်​...မဟုတ်လောက်ဘူး...ဟုတ်​လားမဟုတ်​ဘူးလား?"

ထိုစကားကိုကြားသော် ချီနန်နှင့် ယဲ့ချန်တို့မှာ အကြည့်ချင်းဖလှယ်လိုက်ကြပြီးရင်း လူအိုကြီးယွီကတော့ မျက်မှောင်ကြုတ်သွားသည်။

"ဟုတ်တာလား၊ မဟုတ်တာလား?" 
လူအိုကြီးယွီက မေးသည်။ သူ့သမီးအကြောင်း ဘာမှမသိတဲ့ မိခင်တစ်ယောက်ရှိမယ်လို့ သူမယုံဘူး။

ငယ်ရွယ်သောမိခင်က အရုပ်၏ဆံပင်ကို ထိတ်လန့်တကြား ဆွဲကိုင်လိုက်၏။ 
"ကျွန်မမေ့သွားပြီ…"

လူအိုကြီးယွီ : "……" ဒီအမျိုးသမီးရ‌ဲ့စိတ်က သိပ်ပြီး ကြည်လင်ပြတ်သားပုံမပေါ်ဘူး။

ချီနန်က မေးလိုက်သည်။
"ဒီအရုပ်ကို ကြည့်ကြည့်လို့ရမလား?"

ငယ်ရွယ်သော မိခင်၏ မျက်နှာပေါ်တွင် သတိထားမှု ပေါ်လာ‌ေလသည်။ ထို့နောက် သူမသည် ပြင်းပြင်းထန်ထန် တုံ့ပြန်ပြီး ချီနန်ကို စိုက်ကြည့်ရင်း အရုပ်ကို သူ့နောက်တွင် ဝှက်လိုက်၏။ 
“မဟုတ်ဘူး… မင်းထိလို့မရဘူး…”

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now