အပိုင်း(၄၄)

1.1K 247 1
                                    

ယဲ့ချန်သည် မနှောင့်နှေးဘဲ ဗုံးကို တတ်နိုင်သမျှအမြန်ဆုံးပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ 
“ဒီမီးရှူးမီးပန်းတွေကနေ ready-made ယမ်းမှုန့်တွေရတော့ ပိုအဆင်ပြေတယ်”

"ကျောင်းသားယဲ့၊ မင်းဗုံးတွေတောင် တီထွင်နိုင်နေတာ အိပ်မက်ဆိုးကမ္ဘာထဲ မဝင်ခင်တုန်းက မင်းဘာ‌ေတွများလုပ်ခဲ့တာလဲ...?" 
ယဲ့ချန်ကိုကြည့်နေသော လူအိုကြီးယွီ၏အကြည့်သည် ပို၍ရှုပ်ထွေးလာ၏။

ယဲ့ချန်က ပြုံးပြီး အန္တရာယ်ကင်းသည့် အမူအရာနှင့် သူ့မျက်မှန်ကို တွန်းတင်လိုက်သည်။ 
“သာမန်အထက်တန်းကျောင်းက သာမန်ကျောင်းသားတစ်‌ေယာက်ပါပဲ။ ကျွန်တော့်အတန်းတွေက အရမ်းသာမန်ဖြစ်လွန်းလို့ ရုန်းကန်နေရတယ်”

လူအိုကြီးယွီ : "……"

“ဒါပေမယ့် ပြဿနာတစ်ခုရှိသေးတယ်။ နံရံကြီး ပေါက်ကွဲသွားရင်တောင် အလင်းရင်းမြစ်ကို ဖြတ်တောက်ပစ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”
လူအိုကြီးယွီက မျက်မှောင်ကြုတ်လိုက်သည်။ ဒီလို ခေါင်းကိုက်စေတဲ့ အိပ်မက်ဆိုးမျိုး သူအရင်က မကြုံဖူး‌ေပ။ 

“ငါတို့ ပြိုကျပျက်စီးသွားတဲ့ နံရံက အစိတ်အပိုင်းတွေအားလုံးကို အိပ်ဆောင်ကို သယ်ပြီး မနေ့ညကချီနန်လုပ်သလိုမျိုး ခရီးဆောင်အိတ်ထဲမှာ သိမ်းထားလို့မရဘူး။ ခရီးဆောင်အိတ်တွေ ဘယ်လောက်များများ ရှိနိုင်မှာမို့လို့လဲ?"

ခရီးဆောင်အိတ်အရေအတွက်ကို မစဉ်းစားလျှင်‌ေတာင်မှ ရင်ပြင်သည် ၎င်းတို့၏ အိပ်ဆောင်မှ မိနစ် ၂၀ နီးပါး ကွာဝေး‌၏။ ဤသည်မှာ သယ်ယူပို့ဆောင်ရေး အတွက် လက်တွေ့မကျပေ။ သူတို့လုပ်နိုင်ရင်တောင် နံရံက ကြီးလွန်းပြီး ဖွက်ထားနိုင်ဖို့ အာမခံချက် မရှိပါချေ။ မသေချာသရွေ့ သူတို့ဘဝကို လောင်းကြေးထပ်သလို ဖြစ်နေလိမ့်မည်။

ချီနန်က သူ့ကိုပြောလိုက်သည်။
"ဖယောင်းလူသားမြို့တစ်မြို့လုံးမှာ အလင်းကာတဲ့ အကောင်းဆုံးနေရာက ပြပွဲခန်းမပဲ။ အထဲက ဖယောင်းတိုင်တွေကို ငြိမ်းပစ်လိုက်ပြီး နံရံရဲ့ ဖောက်ခွဲထားတဲ့ အစိတ်အပိုင်းတွေကို အထဲကို ရွှေ့ထားသရွေ့တော့ အလင်းရင်းမြစ်အတွက် စိတ်ပူစရာ မလိုဘူး"

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now