အပိုင်း(၈၈)

Mulai dari awal
                                    

ကျန်းယွီက မယုံကြည်နိုင်ဖြစ်နေဟန်ဖြင့် မေးလိုက်သည်။

"မင်း တကယ်သတ်သေခဲ့တယ်?"

ချီနန်က အေးအေးဆေးဆေး ခေါင်းညိတ်ပြလိုက်သည်။

"တစ်ခုခုစမ်းသပ်ကြည့်တာ"
"....."

သူမသည် အန္တရာယ်များသော ချီနန်၏ စိတ်ဝင်စားမှုနှင့် ဝါသနာတို့ကို ယခင်ကတည်းက ကျင့်သားရနေခဲ့သော်လည်း  ချီနန်က သူ့ကိုယ်သူသတ်သေခဲ့သည်ဟူသော အကြောင်းအရာကိုသိလိုက်ရသောအခါ သူမ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားတော့၏။

ချီနန်က ဆက်ပြောလိုက်သည်။
"ချူယဲ့ကျွင်း မင်းနောက်ကို နောက်ဆုံးတစ်ခေါက် လိုက်ခဲ့တုန်းက ငါအကဲဖြတ်တာ မှားသွားခဲ့တယ်။ ငါတို့ဇာတ်ကောင်တွေက သေသွားပြီးတာ ကြာပြီ။ လက်စားချေချင်နေတဲ့ ဝိညာဉ်ဆီက အသတ်ခံရတာက ပုံမှန်ဖြစ်စဉ်တစ်ခုလိုပဲ။ ပြီးတော့ ငါတို့တကယ် ပျောက်ကွယ်သွားမှာမဟုတ်ဘူး"

ပေ့မော့ရဲ့ မျက်နှာက ကြောက်ရွံ့မှုနှင့် ရှုပ်ထွေးနေခဲ့သည်။
"ငါ မင်းဘာပြောတာမှန်း နားမလည်ဘူး။ ငါတို့ဇာတ်ကောင်တွေက အရင်ကတည်းက သေပြီးသားဆိုတာ ဘာအဓိပ္ပာယ်လဲ? ငါတို့အခု ကောင်းကောင်းအသက်ရှင်နေတာပဲ မဟုတ်ဘူးလား?"

ချီနန်က ခေါင်းခါလိုက်ပြီး-
"ငါတို့က ငါတို့အသက်ရှင်နေတယ်လို့ ထင်နေရုံပဲ။ ဒါပေမယ့် တကယ်အသက်ရှင်နေတယ်ဆိုတာကို သက်သေပြဖို့ ဘာမှမရှိဘူး။ ငါတို့ ဒီလမ်းမပေါ်ကိုရောက်တဲ့အချိန်ကနည်းက ငါတို့ဇာတ်ကောင်တွေက သေပြီးသားပဲ"

ပေ့မော့နှင့် လုပိုင်ကျိုးမှာ ရှုပ်ထွေးသွားခဲ့သည်။
'ငါတို့အသက်ရှင်နေတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေရုံပဲ' ဆိုတာက အတွေးအ‌ခေါ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်နေခဲ့တာလား?

ကျန်းယွီက ချီနန်၏အတွေးရထားကြီးကို အချိန်မီမလိုက်နိုင်သော်လည်း မေးခွန်းထုတ်ဖို့ထက် ယူဆချက်ဖြစ်စဉ်ကို ပိုစိတ်ဝင်စားသည်။

"အသက်ရှင်နေတာကို သက်သေမပြနိုင်ဘူးဆိုတော့ သေသွားပြီဆိုတာကိုရော ဘယ်လိုသက်သေပြမလဲ?"

ချီနန်က လည်စေ့ပေါ်ရှိ သူ၏မူလဒဏ်ရာကို လက်ချောင်းဖြင့်ဖိချလိုက်သည်။
"ဒီခန့်မှန်းချက်သေချာဖို့ ငါကိုယ့်ကိုယ်ကိုသတ်သေတဲ့ စမ်းသပ်မှုကို လုပ်ခဲ့တာ။ တကယ်လို့ ငါတကယ်သေသွားရင် ဒီစမ်းသပ်ချက်ကျရှုံးခဲ့ပြီး ဇာတ်ကောင်တွေက သေပြီးသားဆိုတဲ့ ယူဆချက်ကလည်း မတည်ရှိတော့ဘူး။ အခု ငါအသက်ရှင်နေတုန်းမို့ ဒါက စမ်းသပ်ချက် အောင်မြင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Tempat cerita menjadi hidup. Temukan sekarang