အသွေးအသားထက် ပိုသော (သို့ )
ခယ်မExtra သိမ်း
" ဟ... လျော့အုံး ဟ..."
အနားရောက်လာတဲ့ ကိုသစ်က စ, တော့
ရွှေတေး မျက်နှာလေး ရဲခနဲ...။.
တကယ် သူနဲ့က လူပြောစရာ ဖြစ်နေပြီ...။
မွေးလာတဲ့ အဦးဆုံး သမီးက အခါ မလယ်သေး...။
ရွှေတေး ဗိုက်ထဲမှာ နောက်တစ်ယောက်က
ရောက်နေပြီ...။
သူကတော့ သမီး ကို ပွေ့ချီရင်း
" လောက ကြီးကို လူဦးရေ တိုးပွားအောင်
ကြိုးစားဖို့က လူသားတွေရဲ့ တာဝန်ပဲလေ ဗျာ..."
" ဟုတ်ပါပြီ စျာန် ရာ...။ ဒါပေမဲ့
မင်းဟာက မလွန်ဘူးလား...။ ဟို တစ်ယောက်က
လမ်းတောင် မလျောက်သေးဘူး...
နောက် တစ်ယောက်ဆိုတော့ တဆိတ် လွန်လွန်း ပါတယ်ကွာ..."
ကိုသစ်က ပြုံးပြုံးကြီး ပြောသည်...။
" ဒါကတော့ ကိုယ့် အစွမ်းအစ နဲ့ ကိုယ် ပဲပေါ့ဗျာ.
နေ့မနား ညမနား ကြိုးစားသူတွေမှာ
အကျိုးရလဒ် ဆိုတာ ရှိပါတယ်.."
" ကိုကို နော်.."
ရွှေတေး ဝင်ဟန့်ရသည်..။
သူတို့ ပြောနေပုံနဲ့က ကြာလာရင် ကိုယ်က
မျက်နှာ ပူလို့ အနေရ ခက်တော့မယ်...။.
" ဟေး...မီးမီး လာပါအုံး.."
ကိုသစ်က စျာန် လက်ထဲက သမီးလေးကို
လှမ်းခေါ်ကာ လက် ကမ်းသည်..။
ဒါပေမဲ့ သမီးက ကြည့်ရုံ ကြည့်ပြီး မလိုက်....။
သူ့ အဖေ အင်ကျီစ ကိုသာ ဆုပ်ကိုင်ရင်း
ရင်ခွင်ထဲကို ပိုတိုးကပ်သွားသည်..။
" ဟာ...။ အဖေ ချစ်ကြီးပါ့ကော...။
ဦးသစ်ပါ ဟ သမီးရ...။ လာပါအုံး...."
ဒါပေမဲ့ သမီးက ပြန်ပဲ ကြည့်ပြီး မလိုက်....။