အသွေးအသားထက်ပိုသော
( သို့)
ခယ်မ..........................အခန်း ၃၄...........
လာကြိုနေတဲ့ သူ့ကို ရွှေတေး အဝေးကနေပဲ မသိမသာ
မျက်စောင်းထိုးလိုက်ရသည် ။ တကယ်...။တော်တော် မနိုင်တာ....။ ခုလည်း မမကို ဘယ်လို နားပူ
လိုက်လဲ မသိ...။ မမက ရွှေတေးကို တပတ်လောက် အလုပ်ထဲ
ပြန်ဖို့ ရယ်ကျဲကျဲ နဲ့ တိုက်တွန်းတော့တာ...။ ရွှေတေး ကရပါတယ် ပြောပေမဲ့ မမက ခဏလောက် ပြန်လိုက်ပါ
တဲ့... ။ မမစကားကို ကြားပြီး ဒေါ်မြတ်သီရိဇော် ကပါ
ရွှေတေးကို ခဏ ပြန်လိုက်ဖို့ ၊ ပြီးမှ ပြန်လာပါ ဆိုပြီး
သူကပါ ရောပြောတော့ ရွှေတေး မနေသာတော့...။
ဒါနဲ့ပဲ ခရီးတပတ်ကို အားချင်းပြီး စီစဥ်ပြီး ပြန်လာရတာ..။
လေဆိပ်မှာမို့ သူကလည်း ခပ်တည်တည် နဲ့ နေသလို
ရွှေတေးကလည်း သာမန် ပုံစံ လေးလောက်ပဲ ဆက်ဆံလိုက်သည် ။
ကားထဲ ရောက်တော့ သူက လေ လေး တချွန်ချွန်နဲ့ အူမြူးနေသလောက်
ရွှေတေးကတော့ မျက်နှာလေး ပုပ်ထားကာ မျက်စောင်းပါ
ဝင့်ထားသည် ။ စျာန်က သူမ ပြုမူနေတာတွေကို သိပေမဲ့သူကလည်း မသိသလိုနဲ့ ခပ်တည်တည် ။
" ဘယ်နှယ့်လဲ ၊ မေတေး နေကောင်းလား ၊ ဗိုက်ထဲက
ယောကျာ်းလေး ဆို ၊ ကိုယ်ကတော့ တူလေး ရတော့မယ်"
ဘာမှ မသိသလိုနဲ့ သူ ဘာမှ ပရောဂါ မပါတဲ့ ပုံစံနဲ့.....။
ရွှေတေး ဘာမှ မပြောဘဲ ဘေးကိုသာ ကြည့်ပြီး လိုက်လာတော့
" ဟာ ၊ မေးနေတာတော့ ဖြေကောင်းပါတယ် ၊ အဲလိုကြီး
စိတ်ပုပ်နေလို့ ရှိရင် နောက်ဘဝ ခုလို မလှတော့ဘူး "
" မလှရင် နေပါစေ..၊ ရှင့်ကို သတ်ချင်နေတာ..."
" ဟာကွာ ၊ ကြည့်စမ်း ရုပ်ကလေး နဲ့ မလိုက် ၊ လူကလေး
က လှသလောက် စိတ်ကကျ ကြမ်းကြုတ်လိုက်တာ"