part 6 uni

14.6K 74 0
                                    

......................💄💋 အသွေးအသားထက် ပိုသော
..........................................................သို့
...........................................ခယ်မ... 💄💋
                                အပိုင်း ၆               
   ကြီးကျယ်ခမ်းနားလှတဲ့ မင်္ဂလာပွဲ

ကြီး တစ်ခု  နေ့ဘက်မှာ   ပြီးဆုံးသွားခဲ့ပြီ။ ညဘက် ကျယ်ဝန်းလွန်းလှတဲ့

ခြံဝန်းကြီးမှာ ညဧည့်ခံ ပါတီကလည်း ညည့်နက်လာတာနဲ့ အမျှ ဧည့်သည်တွေ လျော့ပါးကုန်ပြီ။

မင်္ဂလာပွဲ နီးမှ ရုတ်တရက် ထဖောက်တဲ့ နှလုံးကျန်းမာရေးကြောင့် ပွဲက အရမ်းကြီး ဇာမချဲ့ ။

ဒါပေမဲ့ ဦးအောင်ဇော် ရဲ့ ဝိတ်ကလည်း နည်းတာ

မဟုတ်လေ ။ မြန်မာပြည် တနံတလျား သူနဲ့ ကင်းတာ ခပ်ရှားရှားရယ် ။

ဒါကြောင့် ဇာမချဲ့တဲ့ ဧည့်ခံပွဲက ကို ကြီးကျယ်ခမ်းနားလွန်းနေခဲ့သည်။

ခု ဆို ကျယ်ဝန်းလွန်းလှတဲ့ ခြံထဲမှာ လူရင်း

ဧည့်သည် အချို့ရယ် ယောက်ခမ ဦးလွင်ကျော်တို့ မိသားစုရယ်

သူနဲ့ ပတ်သတ်တဲ့ ရွှေမျိုးညာတိ မိသင်္ဂ အချို့ရယ် ပဲ  ကျန်တော့သည်။

လူက မနည်းပေမဲ့ ကျယ်ဝန်းလှတဲ့ ခြံရယ် ပေါများလှတဲ့ ဧည့်သည်အဆောင်တွေ ရယ်ကြောင့်

တိတ်ဆိတ်သလို..။

ဖိုးဖိုးက ကျန်းမာရေး ဖြစ်လို့ လုပ်ငန်း အဝဝ တာဝန်တွေက သူ့အပေါ် ပုံကျလာသည်။

ငယ်ငယ်ထဲက စီးပွားရေး ဘက် အာရုံစိုက်လွန်းခဲ့သူမို့ အရင်ကတည်းက သင်ယူပြီး ဖြစ်လို့သာ တော်တော့သည်။

စျာန်က  လုပ်ငန်းတွေ အ ဝ ဝ ကို    ဦးစီးရတော့မဲ့ သူဆိုတာ သိတော့  မိတ်ဆက် ဖိတ်ခေါ်စာတွေက

မနည်းမနော ။ နောက်အပတ်ဆိုရင်ပဲ ထ်ုင်ဝမ် ၊ တရုတ် နဲ့ သြစိွကို သွားရအုံးမယ် ။

ရုတ်တရက် အခြေအနေ ကြောင့် သူ့ ဘဝက ကျဥ်းကျပ်သွားသလို ရှိသည်။

အရင်ကတည်းကလည်း စီးပွားရေး လုပ်ခဲ့ပေမဲ့ လူငယ်ဘဝကိုလည်း လွတ်လပ်စွာ ဖြတ်သန်းရင်း ပေါ့ပေါ့ပါးပါးနဲ့ နေခဲ့တာ ။

အသွေးအသားထက် ပိုသော ( သို့ ) ခယ်မ Where stories live. Discover now