part 2

14.7K 102 0
                                    

                💄💋 အသွေးအသားထက်ပိုသော
                               ( သို့)
                                          ခယ်မ 💄💋
                     အပိုင်း၂
      "အဖိုးရဲ့ ဆန္ဒကို မင်းလိုက်လျောမှာလား ငါ့မြေး "

စျာန် စဥ်းစားရပြီ။ သူ့ကိုယ်တိုင်က အနှောင်အဖွဲ့

ကင်းစွာနေချင်ပေမဲ့ ဖိုးဖိုးက အနှောင်အဖွဲ့ ထဲသို့

ပို့ချေပြီ။  ဒီတော့ သူဆုံးဖြတ်ရတော့ မှာပေါ့ ။

တကယ်တမ်းတော့ စျာန် အိမ်ထောင်မပြုချင်သေး။

လွတ်လွတ်လပ်လပ် နဲ့ ဘဝကို နေချင်သေးတယ် ။

သို့သော် အခြေအနေတွေ.အရ သူရင့်ကျက်ရတော့မယ် ။

အိမ်ထောင်တစ်ခု ထူထောင်ပြီး ဒီလုပ်ငန်းတွေကို သူဦးစီးရတော့မယ် ။

အသက်အရွယ်အရလည်း မငယ်တော့ပြီဆိုတာ စျာန်ကိုယ့်ဘာသာ သိသည်။

အဖိုးက ကံကောင်းထောက်မ,လွန်းစွာ သေရွာက

ပြန်လာပြီးတဲ့နောက် သူစီစဥ်ချင်တာတွေ ကို ချပြတော့သည်။

ဖိုးဖိုးကို ၆ရက်လောက်ထိ ရှာမတွေ့ရတော့ မျှော်လင့်ချက် မရှိတော့ဘူး ဟူ၍ပင် သူတို့တတွေ ထင်ခဲ့ကြသည်။

ရာသီဥတု ဆိုးရွားဖောက်ပြန်နေတဲ့

အထဲကပင် ဖိုးဖိုးရဲ့ အသက်ကို ကယ်ဆယ်ပေးခဲ့သူက ဖိုးဖိုးရဲ့ တပည့်တစ်ယောက် ဖြစ်တဲ့ ဦးလွင်ကျော်။

၆ရက်လောက် အဆက်ပြတ်နေချိန်မှာ ဦးလွင်ကျော်က ဖိုးဖိုးကို

ကိုယ်စွမ်းဉာဏ်စွမ်း အကုန်သုံးပြီး အခက်အခဲ ကို တောင့်ခံနိုင်အောင် ကြိုးစားပေးနိုင်ခဲ့သည်။

ဦးလွင်ကျော်သာ မရှိခဲ့ဖူးဆိုလျှင် ဖိုးဖိုးအတွက်

အခြေအနေတွေက တစ်မျိုးဖြစ်သွားနိုင်သည်။

ခုတော့ ဖိုးဖိုးလည်း ဦးလွင်ကျော် ကျေးဇူး ကြောင့် သေလမ်းကနေ ပြန်လှည့်လာနိုင်ခဲ့ချေပြီ။

" ကျွန်တော် တစ်ခုလောက် ပြောလို့ရမလား ။ ဥက္ကဋ္ဌ ကြီး"

" အင်း ပြော ။ လွင်ကျော် ။ မင်း ဘာပြောချင်လို့လဲ "

အသွေးအသားထက် ပိုသော ( သို့ ) ခယ်မ Where stories live. Discover now