part 13 uni + zawgyi

8.9K 47 0
                                    

                        💋  အသွေးအသားထက် ပိုသော💋
                               .....သို့....
                                        💋    ခယ်မ 💋
                              အခန်း ၁၃
## ရွှေတေး နင် ဘာဖြစ်နေတာလဲ ##

ဝင်းလဲ့ မေးတော့ ရွှေတေး ခေါင်းယမ်းပြသည် ။

## ဘာမှ မဟုတ်ပါဘူး ။ဒီလိုပါပဲ ။ ##

##နင့်ပုံစံက မဟုတ်သေးပါဘူး ဟာ ။ ခု ရက်ပိုင်းအတွင်း ငါ သတိထားမိ နေတာ ။

တစ်ခုခုကို အတွေးလွန်နေသလိုပဲ ။

ငါလည်း ဘာမှန်းမသိတော့ ဒီအတိုင်း အကဲခတ်နေတာ ။ နေမကောင်းဘူးလား ##

## မဟုတ်ပါဘူး ။ ငါ ပင်ပန်းနေတာပါ ။

အလုပ်က အရမ်းရှုပ်နေတဲ့ အချိန်လေ ##

ရွှေတေး ရောပြီးသာ ပြောလိုက်သည်။ တကယ်တော့ သူမ ခု ရက်ပိုင်း မပျော်ပါ ။

မမျှော်လင့်ဘဲ မမရဲ့ dark side ကို သိလိုက်ပြီး နောက်ပိုင်း သူမ မပျော်ပါ ။

ဒါကြောင့် ခုရက်ပိုင်း တမှိုင်မှိုင် နဲ့ သူမကို ဝင်းလဲ့ကပါ သတိထားမိလာသည် ။

မေးလာတော့လည်း မလိမ်ချင်ပေမဲ့ ရွှေတေး လိမ်ပြီး ပြောလိုက်ရသည် ။

အလုပ်ထဲမှာ ခဲအို စျာန်ကို တွေ့ရင် သူမ စိတ်မလုံသလို ။

တကယ်တော့ အိမ်ထောင်တစ်ခု မတည်ထောင်ခင် မှာ ရှိခဲ့တဲ့ dark side တွေဟာ အိမ်ထောင်ပြုပြီး

နောက်ပိုင်း အကြုံးမဝင်သင့်မှန်း သူမ သိပါသည်

။ဒါပေမဲ့ လည်း ပေါ့လေ ခဲအို ဖြစ်သူ စျာန်ကို ပြောခဲ့ဖူးတာတွေ က သူမ စိတ်ကို တစ်မျိုးကြီး ဖြစ်စေသည် ။.

ကိုယ်က မမကို role မြှင့်ပြီး သူ့ကိုတော့ ပစ်ပစ်ခါခါ နှိမ့်ချပြောပြီးမှ ခုကျ ကိုယ့်အမကလည်း

သိပ်မထူးလှတော့ လွန်ကျွံမိတဲ့ စကားတွေကို မျက်နှာ နာနေမိ နေသလိုလို ။

တကယ်တော့ သူကော မမကော က တူရာ တူရာ ပေါင်းစုံတာမို့ ကိုယ်က အသာစီး ပြောထားတဲ့

စကားတွေ မရှိရင် ပြသနာ မရှိလှ..။

ကိုယ်က အင်မတန် အမွှမ်းတင်ထားတဲ့ မမကို ခု အခြေအနေမျိုးနဲ့ မတွေးထင်ခဲ့ရရိုး မို့

အသွေးအသားထက် ပိုသော ( သို့ ) ခယ်မ Where stories live. Discover now