အသွေးအသားထက် ပိုသော
သို့
ခယ်မအခန်း (10)
## ဒါလေး မေးချင်လို့ ကျွန်မတို့ကို တကူးတက ခေါ်လိုက်တာလား ##
ဝင်းလဲ့ တအံ့တသြ မေးလိုက်သည် ။
ဘေးက ဆုရည်ကလည်း ဒါကို သိချင်နေဟန်။
မနက်စောစော ဖေဖေက ရေးကြီးသုတ်ပြာနဲ့
## သမီး ဦးအောင်ဇော် မြေး စျာန် ကို သိလားတဲ့ ##
ဝင်းလဲ့ ခဏ နားမလည်သလို ဖြစ်ပြီးသွားမှ
ရွှေတေး ခဲအိုကို သတိရသွားကာ ခေါင်းညိတ်ပြတော့
## အဲဒါ သမီးကို တွေ့ချင်လို့တဲ့ ။ ပြီးတော့ ဖေဖေတို့ ဆိုင်က
လက်ကျန်ပစ္စည်း အားလုံးကိုလည်း ဝယ်သွားတယ် ။
ငွေလည်း တစ်ခါတည်း ချေသွားတယ် ။ သမီးတို့က တော်တော်ရင်းနှီးလို့လား ##
ဖေဖေ ပြောတာတွေကြောင့် ဝင်းလဲ့တို့
အံသြနေကြသည် ။ ဟိုနေ့က လိပ်စာကတ် တောင်းလို့ ပေးလိုက်သည်။ သိပ်မကြာ ။
ဆိုင်မှာ တင်ထားတဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ အားလုံး ကို ဝယ်ချသွားပြီး ငွေလက်ငင်း ချေသွားသည်
။ ပြီးတော့ တွေ့ချင်ကြောင်း ပြောသွားတယ်တဲ့ ။
ဆုရည်က ရန်ကုန်လာလည်ရင် ဝင်းလဲ့တို့
အိမ်မှာ တည်းတာမို့ သူ့ကိုပါ အဖော်ခေါ်ပြီး သွားဖို့ ပြင်ရသည် ။
ဆုရည်နဲ့ ဝင်းလဲ့တို့ ပြာပြာသလဲ ပြင်ပြီးတော့ လာကြိုတဲ့ ကားတစ်စီး ရောက်လာသည် ။
ဒီလိုနဲ့ လိုက်ခဲ့ရင်း တွေ့မဲ့ နေရာကို ရောက်လာသည် ။ တကယ်ကို ကောင်းမွန်တဲ့ အခန်းကြီးပါ ။
အခန်းတွင်း ဆင်ထားသမျှ ပစ္စည်းတွေက မြင်တာနဲ့ကို အဖိုးတန်စျေးကြီး တဲ့
အရာတွေမှန်း အလွယ်တကူ သိနိုင်သည် ။ ဝင်းလဲ့တို့လည်း ဆိုင်နဲ့ လုပ်ငန်းနဲ့မို့ အထိုက်အလျောက်
အဆင်ပြေပါသည် ။ ဒါပေမဲ့ ခုမှပဲ ချမ်းသာတယ် ဆိုတာ ဒါမျိုးကိုလို့ တွေးထင်မိတော့သည် ။