part 3 uni

10.2K 79 0
                                    

             💄💋   အသွေးအသားထက် ပိုသော
                                        (   သို့)
                                           ခယ်မ💄💋
                     အပိုင်း ၃
   လူကြီးသူမ ဧည့်သည်တွေသာ မရှိနေဘူးဆိုရင်

   တစ်ယောက်တစ်ယောက် ကြည့်နေတာတွေက မသိရင် ထ သတ်တော့မဲ့ အတိုင်း ။

စျာန်ကတော့ ဒီလိုမျိုး ဆုံခွင့်ပေးတဲ့ ကံကြမ္မာကို တစ်ဖက်က  အပြစ်တင်ချင်မိသလို တစ်ဖက်ကလည်း ရယ်ချင်နေမိပြန်သည်။

ဘာကြောင့်ရယ် မသိ။ သူကလည်း မြင်မြင်ချင်း မှတ်မိသလို ဒင်းလေးကလည်း ကိုယ့်ကို တန်းမှတ်မိသည်။

သူ့အမရဲ့ ခင်ပွန်းလောင်းက သူပဲလို သိလိုက်ရချိန်မှာ သူမ မျက်နှာပျက်သွားတာ စျာန်သတိထားမိသည်။

ပြီးတော့ မကျေမနပ်နဲ့ တစ်ချက်တစ်ချက်

ကြည့်နေတာမို့ စျာန် စ,ချင်စိတ်ပေါ်ကာ မျက်လုံးတစ်ဖက် မှီတ်ပြလိုက်တော့ ဒေါသ ထွက်သွားပုံက တစ်မျိုးလေး။

စျာန်နဲ့ လက်ထပ်မဲ့ သူ့ အမဖြစ်သူကတော့ ရိုးရှင်းတဲ့ ပုံစံ ပေါ်သည်။

လှတာတော့ ညီမနှစ်ယောက် လုံး လှသည်။

ယောကျာ်းသားမျက်လုံးနဲ့ ကြည့်ရင် အမဖြစ်သူက ဒေါင်တွေအိုးတွေ ထည်ဝါပြီး ရင့်ကျက်တဲ့ပုံစံ ။

ညီမလုပ်သူကကျ  အမဖြစ်သူ လောက် ဖ#င်တွေ ရင်တွေက မထည်ဝါ။ ဒါပေမဲ့ ရှင်းသန့်နေတဲ့ အလှနဲ့

စျာန် မျက်စိထဲ သူမကသာ ပိုထင်းနေသလို။ ခက်နေပြီ။ ယူမဲ့ မိန်းမထက် ခယ်မက မျက်စိထဲ တိုးဝင်နေသည်။

သူမကတော့ သူအမ လင်တော်မောင် ဖြစ်လာမဲ့ ကိုယ့်ကို ကြည်ဖြူမဲ့ပုံ မပေါ်။  

သုဒြာကိစ္စကို နားစွင်နားဖျား ကြားထားပြီး ကိုယ်ကို တနှာရူးလို့ ထင်ထားတာ မို့ သိပ်မကြည်ချင်ပုံ။

မေတေးသန့်ကျော်၊  ရွှေတေးသန့်ကျော် ကာရံညီပြီး လှပတဲ့ ညီနှစ်ယောက်။

ဟိုနေ့က ရွှေတေးသန့်ကျော် လို့ ကြားလိုက်လို့ ဆုံခဲ့ဖူးတဲ့  သူမကို သတိရမိတာ တကယ်လည်း သူမ လာ ဖြစ်နေသည်။

အသွေးအသားထက် ပိုသော ( သို့ ) ခယ်မ Kde žijí příběhy. Začni objevovat