part8 uni

12.9K 71 0
                                    

.................................💄💄💋💋.. အသွေးအသားထက် ပိုသော
.............................................👄သို့👄
..........................................................ခယ်မ💄💄💄💋
                                အပိုင်း ၈
   မင်္ဂလာပွဲ ပြီးလို့ တစ်ပတ် အကြာ ...။

ဧည့်ခန်းမှာ လူအားလုံး ဆုံနေကြသည်။ ဦးအောင်ဇော် က ထိပ်ဖျားမှာ မိန့်မိန့်ကြီး ထိုင်လျှက် ။

စျာန် နဲ့ မေတေးက အတူယှဥ်တွဲ ထိုင်နေပြီး ဦးလွင်ကျော်တို့.က တစ်ဖက် ။ ရွှေတေးက သူ့အဖေရဲ့ ဘေးမှာ ။
      ## အားလုံးလည်း ကိစ္စဝိစ္စ တွေ ရှိနေကြသေးတော့ ကိုယ်အိမ်ဌာနေ ပြန်ချင်ပြီပေါ့ ။

ဘာပဲ ဖြစ်ဖြစ် ငါ့မြေး စျာန်ရဲ့ မင်္ဂလာပွဲ မှာ အားလုံး တာဝန် အသီးသီး ကျေပွန်ကြလို့ ငါ ဝမ်းသာတယ် ။

အားလုံးကိုလည်း ကျေးဇူး တင်တယ် ။ မင်းတို့တွေရဲ့

ကြိုးပမ်းမှုကြောင့် မင်္ဂလာပွဲ ကြီး ဖြစ်မြောက်သွားတာ ။

ကဲ ပြန်ချင်ပြီ ဆိုတဲ့ သူများလည်း ပြန်လို့ ရပါပြီ ##

ဦးအောင်ဇော် က ခွင့်ပေးသည်။

ဧည့်သည်တွေ ဒီမှာ ရောက်နေတာ ၁၀ရက်ပင် ကျော်ပြီ ဆိုတော့ ပြန်ချိန် ရောက်နေပြီ ။

ရွှေတေးကတော့ မန္တလေး ကိုပဲ အဒေါ်တွေနဲ့ ပြန်လိုက်သွားဖို့ စဥ်းစားထားသည်။ ဟိုရောက်မှ ကိုယ် လုပ်ချင်တာလေးတွေ လုပ်ရအုံးမည် ။

  ## ဒါနဲ့ လွင်ကျော် ။ မင်း ရဲ့ သမီး အငယ်မ လေးက ဘာလုပ်တုန်း #$

## ဘာမှ ထွေထွေ ထူးထူး မရှိသေးဘူး ဥက္ကဋ္ဌကြီး ။ သူ့ အဒေါ်တွေနဲ့ နေလိုက် ချွဲလိုက် လွတ်လွတ်လပ်လပ် နေနေတုန်း ##

ဦးလွင်ကျော် က ပြုံးစိစိ နဲ့ ပြန်ပြောသည်။

သမီးနှစ်ယောက် ရှိတဲ့ အနက် အကြီးက အစစ အရာရာ စိတ်ချရသည်။ လိမ္မာပါးနပ်သည်။ ပညာရေးမှာကလည်း ထူးချွန်သည်။ စီးပွားရေး ကျလည်း မဆိုး ။

ကိုယ်ပိုင် စီးပွားရေးလေး နဲ့ ။ အငယ်ကကျ အဲလို မဟုတ်။ အဖေနဲ့ နေတာထက် အဒေါ်တွေနဲ့

နေတာက ပိုများသည်။ စွန့်စားရတာ ကြိုက်သည်။.တစ်ခုခုဆို ဒိုးခနဲ ဒေါက်ခနဲ မပြောမဆို လုပ်တတ်သည်။

အသွေးအသားထက် ပိုသော ( သို့ ) ခယ်မ Where stories live. Discover now