အသွေးအသားထက် ပိုသော
သို့
ခယ်မအခန်း ၃၀
စျာန်ရဲ အိမ်မှာ.....။ အားလုံး ဆုံနေကြသည် ။ ဖိုးဖိုး ဦးအောင်ဇော် ၊ စျာန်ရဲ့ မိဘ များ ၊
ရွှေတေး ဖေဖေ ဦးလွင်ကျော် ၊ ရွှေတေး နဲ့ စျာန် အပါအဝင်
လူတွေအားလုံး ဆုံနေကြသည် ။ရွှေတေး ခဗျာ ရင်တထိတ်ထိတ်..။ ဖိုးဖိုးက ဖေဖေ ကိုကော
ရွှေတေးကိုကော ဆင့်ခေါ်တယ် ဆိုတော့ လေ...။သူ ဘာတွေများ ပြောလိုက်ပြီလဲ... ။ ဘာတွေများ လုပ်ထား
ပြန်ပြီ လဲ ပေါ့...။ သူ့ဆီ ဖုန်းဆက်တော့ လည်း ဖုန်းလည်း
မကိုင်..။ ရုံးပိတ်ရက်မို့ နားမယ် ဟန်ပြင်ပြီးမှ ဖေဖေကဖိုးဖိုး ခေါ်လို့ သွားကြမယ် ဆိုတော့ ကဗျာကယာ အဝတ်လဲကာ
လိုက်လာခဲ့ တာ..။ ဒီရောက်တော့ စျာန်ကော သူမိဘတွေရောပါ
လူစုံတက်စုံ ရှိနေတော့ ရွှေတေး ခဗျာ လန့်သွားသည်။သူကတော့ အေးအေး ဆေးဆေး ၊ လူကြီးတွေ အလစ်မှာ
ပြောင်တောင် ပြောင်ပြသေးတာ..။ရွှေတေးမှာ ခါတိုင်းလို မျက်စောင်းပင် မထိုးနိုင်။ ကုပ်ကုပ်
လေးနဲ့ ဘေးက ထိုင်ပြီး ဘာများပြောလေမလဲ ရင်မောနေရသည် ။
ဖိုးဖိုးက လာရင်း ကိစ္စကို မပြောသေး..။ တခြားကိစ္စတွေ
ကို
ဖေဖေကို မေးနေလို့ သူတို့နှစ်ယောက် ပြောနေတာပင်နည်းနည်းကြာသေးသည် ။ စျာန်ရဲ့ အမေ ဒေါ်မြတ်သီရိဇော်
က ဖေဖေ ဘေးမှာ ကုပ်ကုပ်လေး ထိုင်နေတဲ့ ရွှေတေးကိုအကဲခတ်သလို ကြည်ံ့နေတာမို့ ရွှေတေးခဗျာ ပို၍ အနေခက်သည်.. ။
ဒါပေမဲ့ ဟန်မပျက်သာ နေရင်း ဖိုးဖိုး ပြောလာမဲ့ စကားကိုသာ
သာသာလေး စောင့်မျှော်နေရသည် ။ ခဏကြာမှ ဖိုးဖိုးက
သူပြောလက်ဆ ကို သိမ်းလိုက်ပြီး ရေ ခဏ သောက်သည် ။
" ဘယ်နှယ်လဲ အငယ်မလေး ၊ အလုပ်တွေ တော်တော်ကျွမ်းနေပြီ လား "
ရေသောက်ပြီးနောက် ရွှေတေးကို ကြည့်ကာ မေးတာမို့ရွှေတေး ကဗျာကယာ ခေါင်းညိတ်ပြကာ
" ဟုတ် ၊ ဖိုးဖိုး တိုးတက်လာပါပြီ "