part 18 uni+ zawgyi

8.9K 45 0
                                    

အခန်း ၁၈
"မမအဆင်‌ပြေ လား နေကောင်းလား"
စခရင်ပေါ်မှာ မြင်နေရတဲ့ မမက ပြုံးပြရင်း

"မမ အားလုံးအဆင်ပြေတယ် မမ အတွက်
စိတ်ပူမနေနဲ့ ဖေဖေရော နေကောင်းလား"

"ကောင်းတယ်မမ ဖေဖေရော ဖိုးဖို့တို့ ရော အားလုံးနေကောင်းတယ် မမသာ တူလေးကို ကောင်းကောင်းစောင့်ရှောက်နိုင်အောင် ကြိုးစားပေးနော် ကျန်းမာရေးကိုဂရုစိုက်"
စျာန်က သူ့အမနဲ့ စကားပြောနေသော ရွှေတေးကို ကြည့်ကာ နေရင်းမှ

"ဘယ်လိုလဲမေးတေး အဆင်ပြေလား "

"ဟုတ် ကိုစျာန် အားလုံးအဆင်ပြေပါတယ် အရာအားလုံးအတွက် ကိုစျာန် ကို မေတေးတကယ်ကျေးဇူးတင်ပါတယ်"

"အရာအားလုံးက ကံတရားရဲ့ စီမံမှုအောက်မှာ
လုပ်ဆောင်နေကြရတာပဲ ကိုယ် တို့တွေ ခါးသီးမှုအားလုံးကို
ကျော်ဖြတ်နိုင်ခဲ့ပြီးပြီလေ ဒီတော့ မေတေး ကျန်းမာရေးကိုသာ ဂရုစိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လူ့လောကထဲရောက်လာမယ့် ကိုယ့်ရဲ့ မျိုးဆက်သစ်ကလေးကို
စောင့်ရှောက်နိုင်ဖို့သာ ကြိုး စားပါ"

"စိတ်ချပါ ကိုစျာန် သားလေးပေးတဲ့ သတ္တိတွေနဲ့ မေတေး
ဘဝကို အကောင်းဆုံးရှင်သန်နိုင်အောင် ကြိုးစားမှာပါ"

ဘာလိုလိုနဲ့ ကိုကိုစျာန် နဲ့ မေ တေးတို့ ကွာရှင်းခဲ့တာ သုံးလပင် ကြာခဲ့ချေပြီ......။
ကွာရှင်းရာမှာလည်း နှစ်ဖက်ထိခိုက်မှု နည်းနိုင်သမျှနည်းစေရန် ကိုစျာန် တော်တော်လေးကြိုးစားခဲ့ရတာ....။
ဒီနေရာမှာ ရေးပါလာတာက ကိုစျာန် ရဲ့
မေမေ ..။
မမမေတေး ကံကောင်းခဲ့ပါသည်..။
ပြဿနာအကြီးကြီး
ဖြစ်ပေမယ့် ကိုစျာန် ရဲ့ အသေအချာရှင်းပြမှု တွေကြောင့်
ကိုယ်စျာန် ရဲ့မိခင်က နားလည်ပေးခဲ့ပါတယ်..။ ဒါကပင် သူတို့အတွက် ပထမအဆင့် အောင်မြင်မှုကြီး ဖြစ်ခဲ့သည် ။ ထိုနောက်မှာတော့ ကိုယ်စျာန် မေမေဦးဆောင်ပြီး ကိုစျာန် ရဲ့ အဖိုးနဲ့ ရွှေတေးတို့ အဖေကို အကောင်းဆုံး နားချကာ စည်းရုံးနိုင်ခဲ့ပါသည်။
ဖိုးဖိုးခင်ဗျာလည်း သူက ကောင်းစေချင်လို့
စီစဉ်ပေးခဲ့ကာမှ အခုလိုအဖြစ်အပျက်တွေ

အသွေးအသားထက် ပိုသော ( သို့ ) ခယ်မ Hikayelerin yaşadığı yer. Şimdi keşfedin