part 19

13.2K 55 0
                                    

အသွေးအသား ထက် ပိုသော
                   သို့
               ခယ်မ
        အခန်း ၁၉

       "ရွှေတေး ဆရာ့  ကိုတွေ့မိ သေးလား"

"စောစောက ရှိသေးတယ် ဖုန်းဆက်လိုက်လေ မမသက်"

"ဖုန်းဆက်နေတာ
ဒါပေမဲ့ စက်ပိတ်  သွားလို့.. အောက်မှာက
အကြို သင်တန်း ဆင်းတဲ့ ဝန်ထမ်းတွေရောက်နေပြီ
ပြီးတော့ ကိုသစ်ကလည်း မော်ဒယ်မင်းသား ကုဋေဟိန်းကို ခေါ်လာပြီးတဲ့ အဲဒါကို ဆရာက ဆင်းတွေ့ရမှာ  ခုကဖုန်းလည်းဆက်မရ လို့ "

"သူ့ရဲ့
သီးသန့်အခန်းထဲမှာ များလား မသိဘူး"

"အင်း။ ဖြစ်တော့ဖြစ်နိုင်တယ် အဲဒါဆို ရွှေတေးသွားခေါ်ပေးပါလား မမက ဆရာ့ သီးသန့် ခန်းထဲ နေတယ်ဆိုလျှင်
မခေါ်ရဲလို့ ရွှေတေး ကကျ အမျိုးဆိုတော့ မရှိန်ဘူးလေ"

ရွှေတေးခေါင်းကိုသာငြိမ့်ပြလိုက်သည်။
ဟုတ်တော့ဟုတ်ပါတယ်။
ကိုစျာန်  က ဖိုးဖိုးရဲ့ မြေးဖြစ်လို့  အစကတည်းက
ခပ်တည်တည် ခပ်တင်းတင်း နေခဲ့တာ။

ရွှေတေး  အလုပ်ထဲရောက်လာတော့ တစ်ခါတစ်လေမှာ
သူတို့မပြောရဲတဲ့စကားတွေကို ရွှေတေး ကတဆင့်
ပြောပေးရတာတွေရှိသည်။

ဒါကြောင့်မို့လည်း ခု သူမသွားရဲတာကို ရွှေတေးကို
အကူညီတောင်းတာ။ ရွှေတေးနဲ့ ကျတော့ တစ်မျိုး။
အလုပ်မဝင်ခင်ကတည်းက ဒီလုပ်ငန်းစုကြီးရဲ့ ခေါင်
ချုပ်ဖြစ်သူ စျာန် ကို ရန်တွေ့ရင်း နဲ့ ဝင်လာခဲ့သူမို့ တော် ရုံ စိုးရိမ်စိတ် မရှိ...။
ဒါကြောင့် သူတို့အကူအညီလိုလို့ မပြောရဲမဆိုရဲတာတွေရှိလျင် ဒီဂရုကိုယ်စား ရွှေတေး ကပဲ
ပြောပေးတာများသည်။ အခုလည်းမမသက် က အကူအညီ တောင်းပြီး  အောက်ပြန်ဆင်းသွားသည်။
ရွှေတေးလဲ အစည်းအဝေးခန်းမ ဘေး က ကပ်လျက်ရှိတဲ့ စျာန် ရဲ့သီးသန့်အခန်းဆီကို လျှောက်လာခဲ့သည်။
စောစောကမ သူမကို နှောင့်ယှက်နေလို့ ညကျလျှင် အားကုန်အောင်လို့ တမင်ပညာပေးခဲ့သေးတာ။
ခု ခဏလေး
အတွင်းမှာပဲ ဘယ်ရောက်သွားမယ်မသိ။
သီးသန့်ခန်းထဲမှာများ  ဝင်အိပ်နေတာများလား ။

မှန်တာပြောရင် အခုအချိန်မှာ ရွှေတေးသွားမခေါ်ချင်။

ရွှေတေး အကျင့် က ခဲအိုဖြစ်သူ စျာန်နဲ့ ဆုံလျှင်  အရွဲ့တိုက်တတ်တဲ့ အကျင့်  ကလေးနဲ့ ပြောချင်ရာပြောပြီးမှ  ရှက်နေတတ်တာ။ စောစောကလည်း သူမ ဂွ ဆုံကိုပုတ်ပြပြီး ထွက်လာခဲ့သူမို့ အခုကျတော့ မျက်ခြင်းဆိုင်ရမှာကို ရှက်နေမိပြန်သည်။ ဒါပေမယ့် ခါတိုင်းကိုဆို ဒါမျိုးတွေကို သူမက ကူညီနေကျမို့ မမသက်ကို ငြင်းဆန်ဘို့ကလည်း
ခက်နေတာမို့ ရှက်ရှက်နဲ့ပဲ သွားခေါ်ရမှာ။

အသွေးအသားထက် ပိုသော ( သို့ ) ခယ်မ Where stories live. Discover now