part 21+ uni + zawgyi

9.9K 43 0
                                    

....အတွေ့အသားထက်ပိုသော
.……သို့
    .🫦.ခယ်မ🫦
အခန်း ၂၁

"ဘာလို့ ဒီလိုမျိုးတွေအကုန် ပြောင်းပစ်  ရတာလဲ "

uniform  အသစ်ကိုဝတ်ရင်း ထွက်လာတဲ့ ရွှေတေးက စျာန် ကိုရန်တွေ့သည်။

"ဟာ ဘာလို့လဲ အလုပ်လုပ်တာလေ ငါ့မှာ ဒီနေရာထိုင်ခင်း လေး ကို စီစဉ်ခွင့်
မရှိတော့ဘူးလား "

"အဲလို ပြောတာ မဟုတ်ဘူးလေ။  အပြင်မှာ အဆင်ပြေနေတဲ့ကိစ္စကို ဘာကိစ္စနဲ့ leader  အားလုံးကို အတွင်းခန်းထဲ ပို့ပစ်တာလဲ "

အစက ကိုယ့်အုပ်စုနဲ့ ကိုယ် အတူတွဲပြီး အလုပ်လုပ်နေရာက ခုကျတော့ အုပ်စု တွေ ရဲ့
ခေါင်းဆောင်တွေအားလုံး အတွင်းခန်းကို
ပို့ပစ်လိုက်လို့ ရွှေတေးနဲ့ စျာန် စကားများနေကြတာ။

တကယ်ပါ။ ဘာ စိတ်ကူးပေါက်ပြန်သလဲမသိ။

အပြင်ခန်းတွေမှာ နေ နေရတာ အဆင်ပြေနေတာကို leader  အခန်းဆိုပြီး သပ်သပ် လုပ်ပစ်လိုက်တာ..။

ဒါနဲ့ တင်မက အုပ်စု အလိုက် ယူနီဖောင်းတွေပါ ပြောင်းလဲပစ်လိုက်တာ။ 

"မင်းနဲ့တော့ခက်နေပြီ ငါကလိုအပ်လို့ စီစဉ်ရင် ဘယ်သူမှ
အထွန့် မတက်ရဲဘူး မင်း ကျမှ ဟိုဟာလည်း ဟိုဟာ မလို့ ၊

ဒါလည်း ဒါ မလို့ မင်းစိတ်ထဲ ငါ့ကို boss တစ်ယောက်အနေနဲ့များ သတ်ကော  သတ်မှတ်သေးလား"

စျာန် တစ်ယောက် ယူနီဖောင်း အသစ်နဲ့ မိမိုက်နေတဲ့
ခယ်မကိုကြည့်ရင်း စလိုက်သည်။

"ရွှေတေး လည်းနေရာတကာ လိုက်ကို
ပြောမနေချင်တာ..
ဒါပေမယ့်လို့ ရှင်လုပ်လိုက်ရင်က မပြောလို့ မရတာတွေ
ချည်းပဲ "

"ကိုယ် မေးပါဦးမယ် အခုနေရာပြောင်းလိုက်တဲ့ ကိစ္စက အဲဒီလောက်ကြီး ဖြစ်သွားလို့လား "

ရွှေတေး က မျက်စောင်းထိုးလိုက်ရင်း

"ရှင်စီစဉ်တာလည်း ကြည့်ဦးလေ
ဒီအတွင်းခန်းထဲမှာ ရွှေတေးပဲ ရှင်နဲ့ အတူ နေ
နေရမှာလေ "

" ဟာ တခြား leader  တွေရှိသေးတယ်လေ "

"အဲဒီကျန်တဲ့သူတွေက ရှင် ပတ် ခိုင်းထားတာနဲ့ပဲ
အပြင်ရောက်တာကများနေတာလေ ..ရွှေတေး ကျတော့ ဖိုင်စာရင်းအချုပ်ဆိုပြီး ဒီထဲမှာ ပဲ  နေရမှာလေ "

အသွေးအသားထက် ပိုသော ( သို့ ) ခယ်မ Where stories live. Discover now