part 22 uni+ Zawgyi

9.7K 39 0
                                    

အသွေးအသား ထက် ပိုသော
                           သို့
                  ခယ်မ
 
          အခန်း ၂၂

.

မီးရောင်တွေ ဆလိုက်တွေက လှလှပပ ဖန်တီး
ထားသည်
ရောင်စုံ  ဆလိုက် မီး များကြားမှာတော့ ယောကျာ်း မိန်းမ အပြား ။ အများစုက သူဌေးတွေနဲ့ သူတို့ သားသမီးများ...။
ဟုတ်ပါတယ်။။ စျာန် ဦးစီးတဲ့ ပန်းတိုင်သစ် project အတွက် ဂုဏ်ပြု ပွဲလုပ်နေတာပါ။
ကုမ္ပဏီဝန်ထမ်း အများအပြားရှိသလို စီးပွားရေး လုပ်ငန်းရှင်များလည်း
တော်တော်များများတက်ရောက်ကြသည်။
အားလုံးက ဧည့်ခံနေသော စျာန်ကို ချီးကျူး ဂုဏ်ပြုရင်း
သတ်မှတ်နေရာမှာ ထိုင်ကြသည် ။ စျာန်ကတော့ ဟော ခန်းမ ဝ မှာ ဧည့်သည်တွေကို နှုတ်ဆက်ရင်း တစ်စုံတစ်ယောက် ကို မျှော်နေသည် ။

"မသက် ဘယ်လိုလည်း ခုထိမရောက်သေးပါလား"

"ဟုတ် ဆရာ ကျမသေချာ စီစဥ် ထားတာပါ စိတ်မပူပါနဲ့ဆရာ အခုက စော နေသေးလို့ပါ"

စျာန် ခေါင်းညိတ် ပြလိုက်ရင်း

"ဟုတ်ပြီလေ သေချာတော့ စိစဥ်ထားတာမို့လား "

"ဟုတ် ဆရာ သေချာ ပါတယ် ၊"

စျာန် ခေါင်းညိတ်ပြလိုက်တော့ မသက် က အနားက နေ ထွက်သွားသည် ။ ထိုစဥ် ဝိုင်ခွက်ကလေး ကို ကိုင်ကာ ကိုသစ် အနားကို ရောက်လာသည် ။

"စျာန် တို့က တော့ နာမည်တစ်လုံး နဲ့ နေတာလို့ မပြောရဘူး ဟေ.. အောင်မြင်ချက်က တော့ "
ကိုသစ်က လှည့်ပတ်ကြည့်ရင်း ချီးကျူးတော့ စျာန် ပြုံးမိသည်။
" ဒါနဲ့ မင်း မဟေသီ မေတေး က  အော်စီ သွားနေတာ ဆို ၊ ပြန် မရောက်သေးဘူး လား "
စျာန် ခေါင်းယမ်းပြလိုက် ရင်း

" ကြာမယ် ကို သစ် ၊ "
" အင်း..ဒါဆိုရင်တော့ မင်း ငတ်နေပြီ ပဲ "

ကိုသစ်က အဓိပ္ပာယ် ပါပါ ပြောတော့ စျာန် ရယ်လိုက်သည် ။
" ဘယ့်နှယ့် လဲ.. ၊ ငါ ပို့လိုက်ရမ လား ၊ အလန်းစား အမိုက်စား မော်ဒယ်လေး တွေ့ထား တယ် ၊ ရေ ကို ငါလောင်းလိုက်မယ် ၊ မင်း အတွက် ၊ ဘယ့်နှယ့် လဲ "
ကိုသစ် တိုးတိုး ပြောတာကို
" နေပါစေ ကိုသစ် ၊ ကျွန်တော် မလိုသေးပါဘူး ၊ "

အသွေးအသားထက် ပိုသော ( သို့ ) ခယ်မ Where stories live. Discover now