part 23 uni+zawgyi

10K 44 0
                                    

အသွေးအသား ထက် ပိုသော
                    သို့
            👄   ခယ်မ👄
            အခန်း ၂၃

                 
ပါတီပွဲ ပြီးတဲ့ အထိ ရွှေတေးမှာ မပြန်ရသေး.. ။ သိမ်းကြ
ဆဲကြ နဲ့ အလုပ်သမား ဝန်ထမ်းတွေ ပဲ ကျန်ရှိတော့တာ ။

မျက်နှာကြီး တည်တင်းနေကာ ဟိုဘက်လှည့်ကာ ထိုင်နေတဲ့  စျာန်ကြောင့် ရွှေတေး မျက်လုံးလေး ပုတ်ခပ်ပုတ်ခပ်နဲ့ ဘေးနားမှာ အသာငြိမ်နေရသည် ။
ကျန်တဲ့ ဝန်ထမ်းတွေ ပြန်သွားသော်လည်း သူမကို မပြန်ရသေးဘူး ဆိုတဲ့ တစ်ချက်လွှတ် အမိန့်တော်ကြောင့် ဘေးနားမှာ ကပ်ကျန်နေခဲ့ တာ..။

တကယ်တမ်းတော့ ဒီဇိုင်နာက ဖြေဆေး လေးတွေပါ ပေးလိုက်တာ ပါ ။ ရွှေတေးက. ဒရက်စ် ဝတ်စုံနဲ့က အရမ်း အစပ်အဟပ် မိကာ လန်ထွက်ကာ ဆက်ဆီ ကျလွန်းနေတော့ စီစဥ်တဲ့သူက hot လွန်းနေရင် အဲဒါကို ပြန် ဖြေဖို့ အပို ဒီဇိုင်းလေးတွေကို ရွှေတေး အိတ်ထဲ ထည့်ပေးလိုက်ပြီး သား...။
အဲဒါလေးတွေကို သူစီစဥ်ပေးလိုက်တဲ့ အတိုင်း တွဲဝတ်လိုက်ရင် ဖက်ရှင်လည်း မပျက် ၊ hot လွန်းတာကိုလည်း လျော့ချ.. အဲလို စီစဥ်ပေးလိုက်တာ.. ။ ရွှေတေး ကိုယ်တိုင်ကလည်း ပေါ်လွန်းနေတာ မို့ အပိုဖက်ရှင် လေးတွေနဲ့ တွဲ ဝတ်ဖို့ ပြင်ဆင်ပြီးသားပါ.. ။

ဒါပေမဲ့ ကားက ပျက်လို့ သူ လာ ကြိုရာကနေ မွေးစား ညီမ ရဲ့ အတွင်းပစ္စည်း တောင် ငမ်းချင်နေတဲ့ သူ့ကို စိတ်တိုသွားတာ နဲ့ ဒီအတိုင်း ပေါ်နေတာတွေကို မဖုံးတော့ဘဲ ပါတီတက်လိုက်တာ..။
ဖြစ်ချင် တော့ အားလုံးရဲ့ အာရုံစူးစိုက်မှုက သူမ အပေါ်မှာပဲ မို့ သူ ပေါက်ကွဲနေတာ ဖြစ်မှာပေါ့..။

နေပေါ့...။ သူကျ ရှိသမျှ အပေါက် အကုန်ထိုးချင်နေပြီး ရှိသမျှ ဟာ အကုန် ငမ်းနေတာ ။ သူမကိုကျ ဒီလိုပါတီကို

ဒီလို ဝတ်တာနဲ့ မျက်နှာက ဟန်မဆောင် နိုင်..။

ပြန်ရွဲ့ချင်ပေမဲ့ တကယ် စိတ်တိုနေတဲ့ ပုံမို့ အရမ်းကြီး တော့ မလှုပ်ရဲ.. ။
ဧည့်သည်တွေ ပြန်သွားလို့ ကိုယ့်ရုံးက
ဝန်ထမ်းတွေပဲ ကျန်တော့တဲ့ အချိန်က စလို့ ဟန်ဆောင်ပြုံးထားတဲ့ မျက်နှာက တင်းလာကာ
သုန်မှုန်နေတာ မို့ ဦးတင့်တို့ မသက်တို့
ဝါရင့် ပုဂ္ဂိုလ်တွေက အစ ကုပ်ကုပ် ကုပ်ကုပ် နဲ့ အနေအထား..။
ခုတော့ သိမ်းဆဲနေတဲ့ အောက်ခြေ ဝန်ထမ်းတွေက လွဲ ကျန်တဲ့ ကုမ္ပဏီ ဝန်ထမ်းတွေ မရှိတော့.. ။.

အသွေးအသားထက် ပိုသော ( သို့ ) ခယ်မ Where stories live. Discover now