part 4 uni

10.1K 63 0
                                    

💄💋 အသွေးအသားထက်ပိုသော
သို့
ခယ်မ 💄💋
အပိုင်း၄
## အံ့သြစရာပဲ ဟယ်၊ နင်တို့နှစ်ယောက်က ဒီလို ရေစက်နဲ့ ပြန်ဆုံရတယ်လို့ ##

ရွှေတေး စကားဆုံးတော့ ဝင်းလဲ့သူ က မှတ်ချချသည်။

## ဟဲ့ ၊ စကားကြည့်ပြော ။ အဲလူနဲ့ ငါနဲ့က ဘာ

ရေစက်ဆုံတာလဲ ။ ငါ့အမနဲ့ လာဆုံနေတာ။

ငါကလည်း အဲဒါကို အခဲမကြေနေတာနော် ##

## အေးပါဟယ် ငါပြောချင်တာ လောသွားလို့ပါ။

နင်ကလည်းဟယ် ခုခေတ်ကြီးမှာ ယောကျာ်းတော်တော်များများက ဒီလို ပွေရှုပ်နေတာချည်းပဲ လေ ။

ပြီးတော့ တို့ကလည်း ပြသနာဇာစ်မြစ်ကို အဲတုန်းက ရေရေရာရာ သိခဲ့တာ မဟုတ်ဘူးလေ ။

နားစွင်နားဖျား ကြားတာလေ။ ဘာပဲ ဖြစ်ဖြစ် ဟာ

နင့်အမ ဒီလို ချမ်းသာတဲ့ သူတစ်ယောက်နဲ့ ဆုံရတာ အကောင်းဘက်က မြင်ကြည့် ရင်လည်း ဒါက မဆိုးပါဘူး ဟ ##

## နင်တို့ မိန်းကလေး တွေ အဲလို လျောတိလျောရဲ

ဖြည့်တွေးနေကြလို့ အဲလိုကောင်တွေက ရောင့်တက်နေတာ ။ ဘာမှားစရာရှိလည်းဟာ ငါတို့ ကြုံခဲ့ရတာ ။

ဟို ကောင်မလေး ပြောတာ နင်လည်း ကြားသားပဲ ။

သူဖ#င် တောင် ခံပေးပါတယ် တဲ့ ဆို ဟာ။

နင်ကလည်း အဲလောက် လိုက်လျောတယ်ဆိုတာ

တကယ် ချစ်လွန်းလို့ပါ ဟ ။ တော်ရုံ ဘယ်သူ ဖ# င် ခံ မလဲ။ ##

အအေး ပိုက်ကို ကိုင်ရင်း ပြောနေတဲ့ ရွှေတေးကို ဝင်းလဲ့ နားလည်ပါသည်။

သူလည်း သူ့ရဲ့ ခဲအိုလောင်းက လူရှုပ်လူပွေ
ဘယ် ဖြစ်စေ ချင်ပါ့မလဲ ။

## ငါက မမကို သနားတာ ဟ ။ ငါ့အမမို့ ပြောတာ မဟုတ်ပါဘူး ။ နင်လည်းသိနေတာပဲ ဝင်းလဲ့ ရယ်။

မမက ခုထိ ဘယ်ကောင်လေးနဲ့မှ အသံကြားဖူးတာ မဟုတ်ဘူး။ သူ့ဘဝ တစ်လျောက်လုံး စာကိုပဲ တစိုက်မတ်မတ် ကြိုးစားတယ် ။

ပြီးရင် သူ့ ရဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့
ရပ်တည်နိုင်အောင် ကြိုးစားတယ်။ တခြားရှုပ်တာရှင်းတာ ဘာမှရှိတာမဟုတ်ဘူး။

အသွေးအသားထက် ပိုသော ( သို့ ) ခယ်မ Where stories live. Discover now