part 9 uni + zagyi

9.1K 51 2
                                    

............💄💋💋💋 အသွေးအသားထက် ပ်ုသော
.....................................💄သို့ 💄
.....................................................ခယ်မ💋💋💋💄
                                  အပိုင်း ၉

## ခုလို ဆုံရတာ ငါ အရမ်းဝမ်းသာတယ် ဟာ

နောက်ပိုင်း ဒီလိုကော ဆုံဖြစ်မလား မသိဘူး

မမ မင်္ဂလာဆောင်တာ ငါပါ လုပ်ငန်းခွင်ထဲ ဝင်ရတဲ့ ကိန်း   ##

ရွှေတေးက သူ့သူငယ်ချင်းတွေ ကို ပြောရင်း

မုန့်ကို ယူစားသည်။

ရွှေတေး ဘေးမှာတော့ ကိုမြတ်။ ကိုမြတ်က တစ်ရှူးအပိုင်းအစ တစ်ခုကို ယူပြီး ရွှေတေးကို ပေးသည် ။

ရွှေတေး က ပြန်ပြုံးပြကာ ယူလိုက်သည် ။

## ကိုမြတ်ကော ။ အလုပ်တွေ အဆင်ပြေလား ##

## ပြေပါတယ် တေး ။

အကိုက တေး မန္တလေး ပြန်မလိုက်လာဘဲ  ရန်ကုန်မှာပဲ ဆက်နေမယ်ဆိုလို့ တက်လာတာ ။

ဝင်းလဲ့ တို့ကော  ဆုံ ကြမှာဆိုတော့လေ ##

## အံမယ် ကျွန်မတို့နဲ့ ဆုံချင်တာ နည်းနည်း ပါ ။ ​ကိုမြတ်က တေး နဲ့ ဆုံချင်တာက များများမို့လား ##

ဆုရည် က ဝင်နောက်တော့ ရွှေတေး ရယ်မိသည် ။

တကယ်တော့ ကိုမြတ်နဲ့ ရွှေတေး ဆုံဖြစ်တာက ဆုရည်ကြောင့် ဆိုလျှင်လည်း မမှား ။

ဆုရည် ခေါ် ဆုရည်ရွှန်းလဲ့ ရဲ့ ကောင်လေးက ကိုမြတ်နဲ့ ဘော်ဒါတွေ ။

ဒီလိုနဲ့ အဲဒီအတွဲက တဆင့် ကိုမြတ်နဲ့ ရွှေတေး တို့ ဆုံဖြစ်ခဲ့ကြတာ ။ ထူ

းခြားတာ တစ်ခုက ကိုမြတ်ဟာ ရွှေတေးလိုချင်တဲ့ ကာရိုက်တွေနဲ့ ညီတာက များနေသည် ။

ရွှေတေး ကြိုက်တဲ့ နှစ်သက်တဲ့ အချက်တွေက ကိုမြတ်ဆီမှာ ရှိနေသည် ။

ဒါကြောင့်ပင်လျှင် ရွှေတေး ကိုမြတ်ကို အမှတ်တွေ ပေးမိကာ ဘဝ လက်တွဲဖော် အထိ ရွေးရ မလား စဥ်းစားမိနေတာ ။

ရွှေတေး အတွက်က ဘဝ လက်တွဲဖော် ဆိုတာ အသွေးအသားထက် ပိုသော အရာတစ်ခု လို့ ယူဆ ထားတာ ။

အသွေးအသားထက် ပိုသော ( သို့ ) ခယ်မ Where stories live. Discover now